Monday, January 20, 2014

ချင်းလူမျိုးအနွယ်ဝင် ခူမီး အမည်မှန်ကန်စွာသုံးနုန်းခေါ်ဆိုရေး တောင်းဆိုချက်ထုတ်ပြန်

မြန်မာလို"ခူမီး"အင်္ဂလိပ်လို"KHUMI"ဟုအမှန်ရေးသားသုံးနှုန်းခေါ်ဆိုနိုင်ရေးနှင့်သန်းခေါင်စာရင်းကောက်ယူရာတွင်"ခူမီး"လူမျိုးတို့ ဧ။်ကိုယ်ပိုင်မူရင်းနာမည်မှန်ကန်စေရေးနိုင်ငံတော်မှတရားဝင်အသိမှတ်ပြု အချိန်မီ ထုတ်ပြန်ပေး ရန် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီက တောင်းဆိုချက်ထုတ်ပြန်သည်။ ခူမီးသည့် ချင်းတိုင်းရင်းသားလူမျိုး (၅၃)မျိုးထဲတွင် ပါဝင်ပြီး ချင်းပြည်နယ် အနောက်တောင်ဘက် ပလက်ဝမြို့ နယ်တွင်အများစု ၊အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တောင်ပိုင်းဒေသ၊ ဘင်္ဂလားဒေရှ်နိုင်ငံ စစ်တကောင်းတောင် တန်းဒေသ၊ ရခိုင်ပြည်နယ်မောင်းတော၊ ဘူးသီးတောင်၊ကျောက်တော်မြို့နယ်တို့တွင်လည်း ပျံ့နှံနေထိုင်လျှက်ရှိ သည်။

အမည်အားမှားယွင်းရေးသားခေါ်ဆိုနေမှုအပေါ် တိုင်းရင်းသား ခူမီးလူမျိုးများက လိုလားနှစ်သက်ခြင်းမရှိသည့် အသုံး အနုန်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို လည်းထိခိုက်စေနိုင်သည်ဟု ထင်မြင်မိကြောင်း ၎င်းတောင်း ဆိုချက်တွင် ရေး သားထားသည်။

၁၉၄၇ခုနှစ်၊မတ်လ(၁၉)ရက်မှ(၂၆)ရက်နေ့ အထိရန်ကုန်မြို့ တွင်ကြားနာခဲ့သည့်တောင်တန်းဒေသ စုံ စမ်းရေးကော်မရှင်သို့ ရခိုင်တောင်တန်းခရိုင်(ယခုပလက်ဝမြို့ နယ်)မှတိုင်းရင်းသားကိုယ်စားလှယ်များ ဧ။်ထွက် ဆို တင်ပြချက်မှတ်တမ်းတွင်အင်္ဂလိပ်ဖြင့်"KHUMI"ဟု မူရင်းအသံထွက်မှန်ကန်စွာရေးသား မှတ်တမ်းတင် ထားသော်လည်းမြန်မာလို"ခမီ"လို့ အသံထွက်မှားယွင်းစွာရေးသားတွေ့ ရှိခဲ့ကြောင်း တောင်းဆိုချက်တွင်ဖော်ပြ ထားသည်။

Popular Myanmar News Journal

0 comments:

Post a Comment