Monday, January 20, 2014

မန္တလေး စက်သုံးဆီဆိုင်များ အမေရိကန်ထုတ် အရည်အသွေး စစ်ဆေးစက်ဖြင့် စစ်ဆေးမည်

Photo: မန္တလေး စက်သုံးဆီဆိုင်များ အမေရိကန်ထုတ် အရည်အသွေး စစ်ဆေးစက်ဖြင့် စစ်ဆေးမည်
Monday, January 20, 2014

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ၏ စက်သုံးဆီ အရည်အသွေးကို အမေရိကန်ထုတ် အရည်အသွေး စစ်ဆေးစက်ဖြင့် ဖေဖော်ဝါရီလတွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း ဥက္ကဋ္ဌ ဦးသက်ဝေက ပြောကြားသည်။

ကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ အဆိုပါစက်ကို အမေရိကန်ပြည်ထောင်စုမှ မှာယူထားကာ ဇန်နဝါရီလကုန်တွင် မန္တလေး မြို့တော်သို့ ရောက်ရှိမည် ဖြစ်ပြီး အသင်းမှ စစ်ဆေးရေးအဖွဲ့များက မန္တလေးတိုင်းဒေသကြီးအတွင်း၂၈ မြို့နယ်ရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချနေသည့် စက်သုံးဆီများကို ချိပ်ပိတ်ယူလာပြီး ယင်းစက်ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးသက်ဝေက ထပ်လောင်း ပြောကြားသည်။

စစ်ဆေးဓာတ်ခွဲပြီး ရရှိလာသော အဖြေကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြမည့်အပြင် ရန်ကုန်မြို့တော်မှတစ်ဆင့် တင်သွင်းသည့် စက်သုံးဆီများတွင်လည်း အရောအနှော ရှိသည်ဟု မသင်္ကာပါက ရန်ကုန်မြို့တော်သို့ ပို့၍ ဓာတ်ခွဲစစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ၏ စက်သုံးဆီ အရည်အသွေး ပြည့်မီမှုရှိမရှိ စစ်ဆေးသည့် ရွေ့လျား စက်ငါးလုံးကို ယခုနှစ်တွင် ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားထားသည်။

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များ၏ စက်သုံးဆီ အချိန်အတွယ် ပြည့်မပြည့်ကို မန္တလေးတိုင်းဒေသကြီး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချရေး ဆပ်ကော်မတီက စစ်ဆေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဖွင့်လှစ်ခွင့်ပြုထားသော စက်သုံးဆီ အရောင်းဆိုင် ၂၃၅ ဆိုင်ရှိပြီး လိုင်စင်ထုတ်ပေးရန် စိစစ်ဆောင်ရွက်ဆဲ ပုဂ္ဂလိက အရောင်းဆိုင်သစ် ၅၆ ဆိုင်ရှိသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ၏ စက်သုံးဆီ အရည် အသွေးကို အမေရိကန်ထုတ် အရည်အသွေး စစ်ဆေးစက်ဖြင့် ဖေဖော်ဝါရီလတွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်း ဥက္ကဋ္ဌ ဦးသက်ဝေက ပြောကြားသည်။

ကျပ် သိန်းနှစ်ရာ တန်ဖိုးရှိ အဆိုပါစက်ကို အမေရိကန်ပြည်ထောင်စုမှ မှာယူထားကာ ဇန်နဝါရီလ ကုန်တွင် မန္တလေး မြို့တော်သို့ ရောက်ရှိမည် ဖြစ်ပြီး အသင်းမှ စစ်ဆေးရေး အဖွဲ့များက မန္တလေးတိုင်းဒေသကြီးအတွင်း၂၈ မြို့နယ်ရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချနေသည့် စက်သုံးဆီများကို ချိပ်ပိတ်ယူလာပြီး ယင်းစက်ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးသက်ဝေက ထပ်လောင်း ပြောကြားသည်။

စစ်ဆေးဓာတ်ခွဲပြီး ရရှိလာသော အဖြေကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြမည့်အပြင် ရန်ကုန်မြို့တော်မှတစ်ဆင့် တင်သွင်းသည့် စက်သုံးဆီများတွင်လည်း အရောအနှော ရှိသည်ဟု မသင်္ကာပါက ရန်ကုန်မြို့တော်သို့ ပို့၍ ဓာတ်ခွဲစစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ၏ စက်သုံးဆီ အရည်အသွေး ပြည့်မီမှုရှိမရှိ စစ်ဆေးသည့် ရွေ့လျား စက်ငါးလုံးကို ယခုနှစ်တွင် ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားထားသည်။

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များ၏ စက်သုံးဆီ အချိန်အတွယ် ပြည့်မပြည့်ကို မန္တလေး တိုင်းဒေသကြီး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချရေး ဆပ်ကော်မတီ က စစ်ဆေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဖွင့်လှစ်ခွင့်ပြုထားသော စက်သုံးဆီ အရောင်းဆိုင် ၂၃၅ ဆိုင်ရှိပြီး လိုင်စင်ထုတ်ပေးရန် စိစစ်ဆောင်ရွက်ဆဲ ပုဂ္ဂလိက အရောင်းဆိုင်သစ် ၅၆ ဆိုင်ရှိသည်။

The Voice Weekly

0 comments:

Post a Comment