Wednesday, January 15, 2014

ကျန်းမာရေး လုပ်ငန်းများအတွက် ကန်ဒေါ်လာ ၁၅ သန်းကျော် ဒိန်းမတ် အိမ်ရှေ့မင်းသမီးလှူ

Photo: ကျန်းမာရေး လုပ်ငန်းများအတွက် ကန်ဒေါ်လာ ၁၅ သန်းကျော် ဒိန်းမတ် အိမ်ရှေ့မင်းသမီးလှူ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံတွင်း ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် (ဒိန်းမတ် ခရိုနာ ၈၅ သန်း) ကို ဒိန်းမတ်နိုင်ငံ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အိမ်ရှေ့ မင်းသမီး Mary Elizabeth က ပေးအပ်လိုက်ကြောင်း ဒိန်းမတ်နိုင်ငံ အစိုးရက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အိမ်ရှေ့မင်းသမီး Mary Elizabeth သည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ သားဖွားခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သားဆက်ခြား စီမံကိန်းများ၊ အရွယ်မရောက်သော အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ HIV/AIDS ရောဂါ ကာကွယ်ရေး စသည့်လုပ်ငန်းများ Marie Stope International – MSI အဖွဲ့အစည်းက ကျန်းမာရေးဌာနတစ်ခု တည်ထောင်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးဌာနကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဌာန၏ လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ကို ထောက်ပံ့ခြင်း ဖြစ်ကြောင်း ဒိန်းမတ်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် မြန်မာနိုင်ငံရှိ ကျေးလက် ဒေသများတွင် တစ်နှစ်ထက်တစ်နှစ် ပိုမို မြင့်တက်လာသော လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများကို ကာကွယ်ရန်၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် ကလေးသူငယ် ကိုယ်ဝန်ဆောင်မှုများ လျှော့ချရေးအတွက် ကူညီခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။ 

ဒိန်းမတ် အိမ်ရှေ့မင်းသမီးသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ရောက်ရှိခဲ့ပြီး ၎င်း၏ခ ရီးစဉ်အတွင်း ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့်အတူ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ၊ ဆေးရုံများကို သွားရောက် လေ့လာခဲ့သည်။

ဒိန်းမတ် အိမ်ရှေ့မင်းသမီး ဦးဆောင်သော Marie Stope International အဖွဲ့သည် နိုင်ငံပေါင်း ၄၀ ကျော်တွင် ဆေးရုံပေါင်း ၆၂၀ နှင့် ရွေ့လျားဆေးပေးခန်း ၃၇၀ ကျော် ဆောက်လုပ်ပေးခဲ့သည်။

ဒိန်းမတ် အိမ်ရှေ့မင်းသမီး Mary Elizabeth နှင့်အတူ ဒိန်းမတ် အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Rasmus Helvey Petersen သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံက ဒိန်းမတ် အစိုးရအပေါ် တင်ရှိနေသည့် အကြွေး ဒိန်းမတ်ခရိုနာ ၁၉၅ သန်းကို အပြီးတိုင် လျှော်ပေးလိုက်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင်း ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် (ဒိန်းမတ် ခရိုနာ ၈၅ သန်း) ကို ဒိန်းမတ်နိုင်ငံ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အိမ်ရှေ့ မင်းသမီး Mary Elizabeth က ပေးအပ်လိုက်ကြောင်း ဒိန်းမတ်နိုင်ငံ အစိုးရက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အိမ်ရှေ့မင်းသမီး Mary Elizabeth သည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ သားဖွားခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သားဆက်ခြား စီမံကိန်းများ၊ အရွယ်မရောက်သော အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ HIV/AIDS ရောဂါ ကာကွယ်ရေး စသည့်လုပ်ငန်းများ Marie Stope International – MSI အဖွဲ့အစည်းက ကျန်းမာရေးဌာနတစ်ခု တည်ထောင်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးဌာနကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဌာန၏ လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ကို ထောက်ပံ့ခြင်း ဖြစ်ကြောင်း ဒိန်းမတ်အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် မြန်မာနိုင်ငံရှိ ကျေးလက် ဒေသများတွင် တစ်နှစ်ထက်တစ်နှစ် ပိုမို မြင့်တက်လာသော လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများကို ကာကွယ်ရန်၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် ကလေးသူငယ် ကိုယ်ဝန်ဆောင်မှုများ လျှော့ချရေးအတွက် ကူညီခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။ 

ဒိန်းမတ် အိမ်ရှေ့မင်းသမီးသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ရောက်ရှိခဲ့ပြီး ၎င်း၏ခ ရီးစဉ်အတွင်း ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့်အတူ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ၊ ဆေးရုံများကို သွားရောက် လေ့လာခဲ့သည်။

ဒိန်းမတ် အိမ်ရှေ့မင်းသမီး ဦးဆောင်သော Marie Stope International အဖွဲ့သည် နိုင်ငံပေါင်း ၄၀ ကျော်တွင် ဆေးရုံပေါင်း ၆၂၀ နှင့် ရွေ့လျားဆေးပေးခန်း ၃၇၀ ကျော် ဆောက် လုပ်ပေးခဲ့သည်။

ဒိန်းမတ် အိမ်ရှေ့မင်းသမီး Mary Elizabeth နှင့်အတူ ဒိန်းမတ် အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Rasmus Helvey Petersen သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံက ဒိန်းမတ် အစိုးရအပေါ် တင်ရှိနေသည့် အကြွေး ဒိန်းမတ်ခရိုနာ ၁၉၅ သန်းကို အပြီးတိုင် လျှော်ပေးလိုက်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။

The Voice Weekly

0 comments:

Post a Comment