Monday, January 20, 2014

ယီမင်ရှိ အီရန်သံအမှုထမ်းတစ်ဦး အကြမ်းဖက် အုပ်စုတစ်ခုက ပစ်ခတ်၍ သေဆုံး

ယီမင်နိုင်ငံ ဆားနား မြို့တော်တွင် ဇန်နဝါရီ ၁၈ ရက်က အီရန် သံအမတ်၏ နေအိမ် အပြင်ဘက်၌ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အီရန်သံ အမှုထမ်း တစ်ဦး သေဆုံးခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သံအမှုထမ်း အလီ အက်ရှ်ဂါအက်စ် ဆာဒီသည် ပခုံး၊ ဝမ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား ဆားနားမြို့ရှိ ဆေးရုံသို့ ပို့ဆောင်၍ ခွဲစိတ် ကုသ မှုများ ပြုလုပ် ပေးခဲ့ကြောင်း၊ ထို့နောက် ၎င်းအား အထူးကြပ်မတ် ကုသဆောင်သို့ လွှဲပြော င်းပေး ခဲ့သော်လည်း တစ်နာရီခွဲ အကြာတွင် သေဆုံး ခဲ့ကြောင်း ဆေးရုံမှ ဆရာဝန် တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ သည်။

ဖြစ်ပွားပုံမှာ အကြမ်းဖက် အုပ်စု တစ်စုသည် အီရန် သံအမှုထမ်း အက်စ်ဆာဒီအား ပြန်ပေး ဆွဲရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းက ပြန်လည်ခုခံမှုကြောင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြော င်း၊ အဆိုပါ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် အုပ်စုကိုအမြန်ဆုံးရှာဖွေ ဖော်ထုတ် ပေးရန်ယီမင် အစိုးရအား အီရန်နိုင်ငံက တောင်းဆိုထားသည်။ ယီမင်နိုင်ငံတွင် မကြာသေး မီလ အတွင်းကလည်း သံရုံးအမှုထမ်းများမှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ယခု ဖြစ်ပွား ခဲ့သော တိုက် ခိုက်မှုသည် တတိယ အကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်ဟု သိရ သည်။

မြ၀တီ

0 comments:

Post a Comment