Friday, January 3, 2014

ပခုက္ကူခရိုင်တွင်၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၂၂၉ မှု ဖြစ်ပွားခဲ့ပြီး ၆၉ ဦးသေဆုံး၍ ၃၇၁ ဦး ဒဏ်ရာရ

ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ငါးမြို့နယ်တွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီမှ ဒီဇင်ဘာလကုန်ပိုင်းထိ မော်တော်ယာဉ် အချင်းချင်း၊ မော်တော်ယာဉ်နှင့်အခြား၊ မော်တော်ယာဉ်နှင့်လူ၊ မော်တော်ယာဉ်နှင့် အနှေး ယာဉ် အစရှိသည့် ယာဉ်တိုက်မှုပေါင်း ၂၂၉ မှု ဖြစ်ပွားခဲ့ပြီး ၆၉ ဦးသေဆုံး၍ ၃၇၁ ဦး ဒဏ်ရာ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ရှိ ယာဉ်တိုက်မှု စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ပခုက္ကူမြို့နယ်တွင် ယာဉ်တိုက်မှုပေါင်း ၉၆ မှု၊ သေဆုံးသူ ၂၄ ဦး၊ ဒဏ်ရာရရှိသူ ၁၇၁ ဦး၊ တရားခံ ၁၁၃ ဦး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၆၈၉၀၀၀၊ ရေစကြိုမြို့နယ်တွင် ယာဉ်တိုက်မှုပေါင်း ၄၆ မှု၊ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၆၄ ဦး၊ တရားခံ ၅၆ ဦး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၉၈၉၀၀၀၊ မြိုင်မြို့နယ်တွင် ယာဉ်တိုက်မှုပေါင်း ၃၁ မှု၊ သေဆုံးသူ ၁၆ ဦး၊ ဒဏ်ရာရရှိသူ ၄၀ ဦး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁၄၅၅၀၀၊ တရားခံ ၃၈ ဦး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁၄၅၅၀၀၊ ပေါက်မြို့နယ်တွင် ယာဉ် တိုက်မှုပေါင်း ၂၃ မှု၊ သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရရှိသူ ၃၉ ဦး၊ တရားခံ ၂၃ ဦး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၇၁၅၀၀၊ ဆိပ်ဖြူမြို့နယ်တွင် ယာဉ်တိုက်မှုပေါင်း ၃၃ မှု၊ သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၅၇ ဦး၊ တရားခံ ၄၂ ဦး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၇၅၀၀၀ ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

“ယာဉ်တိုက်မှု အတော်များများက မူးယစ်သောက်စားပြီး စည်းကမ်းမဲ့မောင်းတာ၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းတာတွေကြောင့် ဖြစ်ရတာ။ ၂၀၁၄ ခုနှစ်ထဲမှာတော့ ယာဉ်တိုက်မှုတွေ လျော့ကျအောင် စစ်ဆေး အရေးယူတာတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို ကျေးလက်ဒေသတွေအထိ ယာဉ် စည်းကမ်း အသိပညာပေးနိုင်ဖို့ထိ လုပ်သွားမှာပါ” ဟု ပခုက္ကူမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆို သည်။

အဆိုပါ ယာဉ်တိုက်မှုပေါင်း ၂၂၉ မှုတွင် တရားခံ ၂၇၂ ဦးအား သက်ဆိုင်ရာ ရဲစခန်းများမှ အရေး ယူဆောင်ရွက်နေပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ် ၈၃၇၀၀၀၀ ရှိ၍ အခြားမြို့နယ်များထက် ပခုက္ကူမြို့နယ်မှာ ယာဉ်တိုက်မှုနှင့် သေဆုံးသူ ပိုမိုများပြားကြောင်းလည်း သိရသည်။

(ပခုက္ကူမြို့ မြိုင်လမ်းပေါ်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုအား မြင်တွေ့ရစဉ် )
EMG

0 comments:

Post a Comment