တကယ်လို့များ မင်းဟာ player တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်ရှေ့မှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားလုံးလေးတွေရှိပါတယ်။
(၁) I Love You

ဒါဟာပထမဆုံး စည်းမျဉ်းပါပဲ။ စီးပွားရေးသမားတစ်ယောက် သူ့စီးပွားရေးကို
ကျွမ်းကျင်စွာ နားလည်ထားသလိုမျိုးပဲ player တစ်ယောက်ဟာလည်း ဒီစကားစု(I Love
You)ကို ဘယ်တော့မှ မပြော သင့်ပါဘူး။ သူမပေးနိုင်တဲ့အရာကို သူ့အနေနဲ့
ကတိမပေးသင့်ပါဘူး။ player တစ်ယောက်ဟာ ဒီစကားလုံးကိုမပြောဘဲနဲ့
အမျိုးသမီးတစ်ယောက်ဆီက သူလိုချင်တဲ့အရာကို ရအောင်ယူနိုင်ရပါမယ်။
(၂) Do Whatever You Want, I Don’t Care

သူရဲ့အမျိုးသမီးဆီက စိတ်ဝင်စားမှုတွေ ထပ်မရတော့တဲ့ (သို့) ဆုံးရှုံးထားတဲ့
သူတချို့ကသာ ဒါမျိုး စကားကို ပြောမှာပါ။ player တစ်ယောက်အနေနဲ့ကတော့ သူရဲ့
ကောင်မလေးကို အမြဲတမ်း စိတ်ဝင်တစားရှိကြောင်း သိသာအောင်
ဖော်ပြနေရမှာဖြစ်ပါတယ်။ သူမရဲ့သဘောထားကို သူမကိုယ်တိုင်ဖော်ပြရာမှာ သင်က
နားထောင်ပေးသူတစ်ယောက်အဖြစ် သက်သေပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
“မင်းကြိုက်တာသာလုပ်။ ငါဂရုမစိုက်ဘူး” ဆိုတာမျိုး ဘယ်တော့မှ အော်ပြီး
မပြောမိပါစေနဲ့။
(၃) That’s Really Expensive

မင်းဟာ ချမ်းသာသူတစ်ယောက် ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် မင်းရဲ့
ဘဏ်အကောင့်ထဲမှာ ပိုက်ဆံ မကျန်တော့တဲ့ ကိစ္စကိုတော့ ဘယ်သူ့ကိုမှ
အသိခံစေချင်မှာ မဟုတ်ပါဘူး။ ဒီတော့ မိန်းကလေးနဲ့ ရှော့ပင်းစင်တာ
ရောက်ခဲ့တယ်ဆိုရင် “ဒါက သိပ်ဈေးကြီးတယ်” လို့ ပြောမယ့်အစား
တခြားအကြောင်းအရာတစ်ခုကို အာရုံလွှဲပြောင်း ပြောဆိုတာက သင့်ကိုပိုပြီး
သက်သာရာ ရစေပါတယ်။
(၄) You Want To Do it

သူမအနေနဲ့ ချစ်တင်းနှောဖို့ အဆင်သင့် ဖြစ်နေသည်ဖြစ်စေ၊ မဖြစ်နေသည်ဖြစ်စေ
သင့်အနေနဲ့ သူမကို ဈေးပေါသွားစေမယ့် မေးခွန်းမျိုး တုံးအလွန်းစွာနဲ့
သွားမပြောပါနဲ့။ player တစ်ယောက်ရဲ့ အရည်အချင်းဟာ ဒီအခြေအနေမျိုးကို
အလိုလိုသိနေရမှာ ဖြစ်ပြီး သူမပျော်ဝင်လာအောင် လုပ်နိုင်ရမှာ
သင့်ရဲ့အရည်အချင်းပါ။
Ref:MENSXP
ထက်ဆု
Trend Myanmar

0 comments:
Post a Comment