ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်မှာ ဒီရက်ပိုင်းတွေအတွင်း KIA
မှ တပ်သားသစ် စုဆောင်း မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့်
မန်စီမြို့ပေါ်ရှိ ရှမ်းနီလူငယ်တစ်ချို့သည် စုဆောင်းရေး ဆွဲခံရမှာ ကို
စိုးရိမ်သည့်အတွက် တိမ်းရှောင်မှုများ ပြုလုပ်နေတယ်လို့ သိရှိရသည်။
ဗန်းမော်ခရိုင်၊ မန်စီမြို့သည် အစိုးရစစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ
ရှိသော်လည်း အုပ်ချုပ်ရေး ယန်းတရား ကောင်းကောင်း မလည်ပတ်နိုင်ဘူးလို့
စုဆောင်းရေး တိမ်းရှောင်လာသည့် ရှမ်းနီလူငယ်တစ်ဦး က ဆိုပါတယ်။
မန်စီမြို့ရဲ့ လတ်တလောအခြေအနေနဲ့ ပက်သက်ပြီး အဆိုပါ ရှမ်းနီလူငယ်ကပဲ -
သစ်တောရုံးက သစ်တွေကို ဖမ်းရင် သစ်တောရုံးကို ဗုံးလာထောင်သွားတယ်၊ အခု
မန်စီမှာ မူးယစ် ဆေးဝါး တွေ အရမ်းဖောင်းပွနေတယ်၊ မူးယစ်ဆေးဝါး
ရောင်းဝယ်နေတဲ့သူတွေကို ရဲတွေကလည်း စစ်ကြောင်း မပါရင် မဖမ်းရဲဘူး၊
မန်စီမြို့မှာ အစိုးရစစ်တပ်ရှိသော်လည်း KIA က စုဆောင်းရေး လာဆွဲမှာကို
စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ မန်စီမြို့- အေးသာယာကုန်းကျော် ကနေ ၃
ဖာလုံလောက် သွားလိုက်ရင် ဒေသအခေါ် ကျောက်တောင်ကုန်းမှာ KIA
အ၀င်စခန်းရှိပါတယ်။ အဲဒီကနေ ၂ မိုင်လောက်သွားရင် သံစားချောင်းမှာ KIA က
တပ်စွဲထားပါတယ်။ အင်အားကတော့ များတယ်၊ အတိအကျတော့ ခန့်မှန်းလို့ မရဘူး၊
ဘာဖြစ်လို့ လဲဆိုတော့၊ မံစီမြို့ထဲမှာ ရှိတဲ့ ကချင်တွေက
ပြည်သူ့စစ်ပုံစံမျိုးနဲ့ တာဝန်သွားထမ်းရတယ်၊ တပတ် တာဝန် ထမ်းရတာ ရှိတယ်၊ တလ
တာဝန်ထမ်းရတာ ရှိတယ်၊ မြို့ထဲပြန်လာရင်တော့ ပြည်သူပေါ့၊ တပ်ထဲ
ရောက်သွားရင်တော့ KIA ပေါ့၊ အဲဒီတော့ KIA နဲ့ သိပ်မဝေးတဲ့အတွက်
အစိုးရစစ်တပ်ရှိသော်လည်း KIA က စုဆောင်းရေး ဆွဲမှာကို စိုးရိမ်ရတဲ့
အနေအထားမှာပဲ ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရှမ်းနီလူ ငယ်တွေကို KIA က
ကျိန်းနေတာကြောင့် ကျွန်တော်တို့လည်း ခဏတိမ်းရှောင်လာတာ ပါလို့ ပြောပြသည်။
ရပ်ကွက် ၄ ခုရှိသော မန်စီမြို့သည် ရှမ်းနှင့် ကချင်လူမျိုးများ ရောပြွမ်း
နေထိုင်ပြီး တစ်ဝက်စီခန့်ရှိရာမှ မောရ၀တီရပ်ကွက်တွင်တော့ ရှမ်းလူမျိုး
အများစု နေထိုင်တာလည်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ဖျားဆီက
0 comments:
Post a Comment