Monday, December 16, 2013

မြန်မာ-ဂျပန်နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပမြန်မာ့ပြုပြင်ပြောင်းလဲမှုဂျ ပန်ကထောက်ခံ

Photo: မြန်မာ-ဂျပန်နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပမြန်မာ့ပြုပြင်ပြောင်းလဲမှုဂျ ပန်ကထောက်ခံ
Monday, December 16, 2013

မြန်မာ-ဂျပန်နှစ်နိုင်ငံဆွေးနွေး ပွဲကို ယနေ့ နံနက် ၁ဝနာရီ၄၅မိနစ် တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရုံး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အဖွဲ့ဝင်များ၊ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

နှစ်နိုင်ငံဆွေးနွေးပွဲတွင်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက် ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ သီလဝါအထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်စီမံကိန်းအလားအလာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ အတွက် အခြေခံလိုအပ်ချက်ဖြစ် သည့် လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်း
သောသောက်သုံးရေရရှိရေး၊ ခရီး သွားလုပ်ငန်းကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေး နှင့်စာတိုက်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး၊ အာဆီယံ-ဂျပန်ဆက်ဆံ ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှပါဝင်ကူညီဆောင်ရွက် ရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်နှင့် နှစ်နိုင်ငံဝန်ကြီးဌာန 
အကြား ကျန်းမာရေးကဏ္ဍ၌ကဏ္ဍ စုံပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ်တို့ကို လက်မှတ်ရေးထိုး ကြသည်။

ယင်းနောက် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲကိုကျင်းပရာ ဂျပန်နိုင်ငံဝန်ကြီးချုပ်က စီမံကိန်း လေးခုဖြစ်သော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံ ကိန်း၊ ရန်ကုန်မြို့တော်
ရေပေး ဝေမှုဖွံ့ဖြိုးရေးစီမံကိန်း၊ သီလဝါ ဆိပ်ကမ်း အခြေခံအဆောက်အအုံ များဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပဲခူး အနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အတွက် ယန်းငွေ ၆၃ ဒသမ ၂ ဘီလီယံ အကူအညီပေးမည့်အခြေ အနေနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများတွင် ဂျပန်နိုင်ငံမှပါဝင်ကူညီဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်များကို ဂျပန်နိုင်ငံကထောက်ခံ ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နှစ်နိုင်ငံဆွေးနွေးပွဲတွင်ဆွေး
နွေးခဲ့သည့်အကြောင်းအရာများ နှင့် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့ အကြား ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ ရေး၊မြှင့်တင်ရေးနှင့်အကာအကွယ် ပေးရေးသဘောတူစာချုပ် Bilateral Investment Agreement BIA ကို လက်မှတ်ရေးထိုးနိုင် သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည့်အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။

The Union Daily
မြန်မာ-ဂျပန်နှစ်နိုင်ငံဆွေးနွေး ပွဲကို ယနေ့ နံနက် ၁ဝနာရီ၄၅မိနစ် တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရုံး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက် ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ သီလဝါအထူးစီးပွားရေး ဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန် စီမံကိန်းအလားအလာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ အတွက် အခြေခံလိုအပ်ချက်ဖြစ် သည့် လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသာသောက်သုံးရေရရှိရေး၊ ခရီး သွားလုပ်ငန်း ကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေး နှင့်စာတိုက်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး၊ အာဆီယံ- ဂျပန်ဆက်ဆံ ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှပါဝင်ကူညီဆောင်ရွက် ရေး၊ ဒေသ တွင်းနှင့်နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ် များကိုဆွေးနွေး ခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ သဘောတူစာချုပ်နှင့် နှစ်နိုင်ငံဝန်ကြီးဌာန အကြား ကျန်းမာရေးကဏ္ဍ၌ကဏ္ဍ စုံပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ်တို့ကို လက်မှတ်ရေး ထိုး ကြ သည်။

ယင်းနောက် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲကိုကျင်းပရာ ဂျပန်နိုင်ငံဝန်ကြီးချုပ်က စီမံကိန်း လေးခုဖြစ်သော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံ ကိန်း၊ ရန်ကုန်မြို့တော်ရပေး ဝေမှု ဖွံ့ဖြိုးရေးစီမံကိန်း၊ သီလဝါ ဆိပ်ကမ်း အခြေခံအဆောက်အအုံ များဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပဲခူး အနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အတွက် ယန်းငွေ ၆၃ ဒသမ ၂ ဘီလီယံ အကူ အညီပေးမည့်အခြေ အနေနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများတွင် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်များကို ဂျပန်နိုင်ငံကထောက်ခံ ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နှစ်နိုင်ငံဆွေးနွေးပွဲတွင်ဆွေးခဲ့သည့်အကြောင်းအရာများ နှင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား ရင်းနှီးမြှုပ်နှံမှုဖြေလျှော့ ရေး၊မြှင့်တင်ရေးနှင့်အကာအကွယ် ပေးရေး သဘော တူစာချုပ် Bilateral Investment Agreement BIA ကို လက်မှတ်ရေးထိုးနိုင် သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည့်အခြေအနေများ ကို ရှင်းလင်းပြောကြား သည်။

The Union Daily

0 comments:

Post a Comment