~
ရုပ်ရှင်လောကသားတွေ အနေအထိုင် ဆင်ခြင်ဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးတွေက စာတစောင် ထုတ်ပြန် မေတ္တာရပ်ခံလိုက်ပါတယ်။ဘယ်နေရာမှာပဲ
ရှိနေသည်ဖြစ်စေ "မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှု၊
အနေအထိုင်၊ အပြောအဆို၊ အပြုအမှုများမှအစ ကိုယ်ကျင့် တရားနှင့် မိမိတို့၏
ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါရန်" ဆိုပြီး မကြာသေးခင်က ထုတ်ပြန် လိုက်တယ်လို့
ယူဆရတဲ့ အဲဒီစာမှာ ရေးထားပါတယ်။
ဗီဒီယို ဆိုတဲ့ စကားလုံး မပါပေမယ့် ဒီစာဟာ ဗီဒီယိုဇာတ်ကားလောကသားတွေနဲ့လည်း သက်ဆိုင်ဖွယ် ရှိပါ တယ်။
လောကမှာ ဆိတ်ကွယ်ရာမရှိ လို့ အဲဒီစာ နိဂုံးပိုင်းမှာ ရေးထားပါတယ်။
ဆိတ်ကွယ်ရာမရှိတဲ့ လောကမှာ အင်တာနက်အွန်လိုင်းဆိုတာ ပေါ်လာပြီး အဲဒီအင်တာနက် အသုံးပြု မှုက မြန်မာပြည်သားအများအပြားကြားမှာ တွင်ကျယ်လာတဲ့အတွက် အနေအထိုင် ဆင်ခြင်ရေး အမှန်တကယ် လိုအပ်လာပါပြီ။
ဒီ မေတ္တာရပ်ခံချက် ထွက်ပေါ်မလာခင်ကတည်းက ရုပ်ရှင် ဗီဒီယိုလောကသားတချို့ မဆင်မခြင်နေ ထိုင် ပုံတွေ ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံ၊ ရုပ်သံတွေက အင်တာနက်မှာ ရောက်နေခဲ့ပါပြီ။
ဆင်ခြင်ဖို့ တိုက်တွန်းချက်က အင်မတန်သင့်လျော်ပါတယ်။
တိုက်တွန်းခံရသူများ လိုက်နာဖို့ပဲ ကျန်ပါတယ်။

ဧရာဝတီ
0 comments:
Post a Comment