Thursday, December 19, 2013

( ၇ ) ရက်သားသမီးများအတွက် ဟောစတမ်း ( ၁၉-၁၂-၂ဝ၁၃ မှ ၂၅-၁၂-၂ဝ၁၃ )

တနင်္ဂနွေ
အကြံကောင်း၊ Óဏ်ကောင်းရှိပြီး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အခက်ကြုံနေသူများအဖို့ ထောက်ပံ့သူပေါ်မည်။ ဤကာလအတွင်း အလှူ အတန်း ပြုရမည်။ လွတ်လပ်ပြီး အရွယ်ရောက်နေသည့် လူများအဖို့ အိမ် ထောင်ရေးကိစ္စကို ထူးထူးခြားခြား ဆောင်ရွက်နိုင်မည့် အနေအထား ရှိသည်။ ဝင်ငွေကောင်းမည်။ ဝင်သောငွေ အဖတ်တင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ဒိန်ချဉ်ဒါနပြုပါ။


တနင်္လာ
မိမိပြောဆိုသမျှ၊ ဆောင်ရွက်သမျှ အလုံးစုံ အဆင်ပြေအောင်မြင်မည်။ လူချစ်လူခင် ပေါများမည်။ မိမိအပေါ် ကောင်းကျိုးပေးသည့်သူများနှင့် ဆက်ဆံ ရမည်။ မိမိလုပ်စရာရှိသည်များ လက်တွေ့ကျကျ အကောင်အထည် ဖော်ပါ။ စိတ်ချမ်းသာခြင်း အဆင်ပြေခြင်းများ ကြုံတွေ့ရမည်။
ယတြာ ။ ။ မွေးနေ့တွင် နနွင်းမကင်း ဆွမ်းတော်တင်ပါ။


အင်္ဂါ
အရာရာ သတိနှင့် ဆောင်ရွက်ရမည်။ သူတစ်ပါးကြောင့် မိမိအကြံအစည် များ အလွဲလွဲအချော်ချော် ဖြစ်တတ်သည်။အလွန်စိတ်ရှည်သည်းခံရမည်။ မှန်း ထားသည်နှင့် လက်တွေ့ကွာဟနေမည်။ ပိုင်ပိုင်နိုင်နိုင် သေချာပေါက်တွက်ဆပြီး လုပ်ထားသည်များ နောက်ဆုံးအဆင့်ရောက်မှ ပြဿနာ အခက်အခဲနှင့် ကြုံ မည်။ ငွေမြှုပ်နှံခြင်း ရှောင်ပါ။ အလောတကြီး မလုပ်သင့်။ ရောင်းမှား ဝယ်မှား ဖြစ်တတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် လက်ဖက်ခြောက် ဒါနပြုပါ။

ဗုဒ္ဓဟူး
အလုပ်အကြံအစည် ရည်ရွယ်ချက်များ ထူးထူးခြားခြား အဆင်ပြေမည်။ ခရီးနှင့် ပတ်သက်သော ကိစ္စများ ဆောင်ရွက်၍ အကျိုးပေးမည်။ မိမိအပေါ် အကျိုးပြုထားသူများအပေါ် ပြန်လည်ကျေးဇူးဆပ်နိုင်မည်။ ဝင်ငွေတိုးပွားမည်။ ဆုံးပြီဟု ယူဆထားသည့် ပစ္စည်းများ ပြန်လည်ရရှိမည်။ ခက်ခဲသော ပြဿနာ များ ဖြေရှင်း၍ အဆင်ပြေမည်။ မိသားစုလိုက် အောင်မြင်တိုးတက်မှုကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် ဘိန်းမုန့်ဆွမ်းတော်တင်ပါ။


ရာဟု
စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေကြေးကိစ္စ ကြားဝင်တာဝန်ယူခြင်း များ အဆင်ပြေမည်။ ငွေကြေးဥစ္စာ စီးပွားဓန တိုးပွားမည်။ ကံကြောင့် ငွေဝင် ခြင်း ရှိနိုင်သည်။ ဤကာလအတွင်း ကြုံသည့် ပြဿနာများ ဖြေရှင်းနိုင်မည်။ ရည်မှန်းချက်များ၊ စိတ်ကူးလက်တွေ့ အကောင်အထည်ဖော် အောင်မြင်မည်။ လူမျိုးကွဲ အကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် မေမြို့ပန်း ဘုရားကပ်လှူပါ။


ကြာသပတေး
မိတ်ဆွေကောင်း အထောက်အကူရမည်။ အလုပ်ရည်ရွယ်ချက်များ အလုံးစုံအဆင်ပြေမည်။ မိတ်ဆွေ ဆရာသမားများ၏ အကြံÓဏ် ရယူပါ။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ အပြောင်းအလဲသစ်များ ပေါ် မည်။ ဆောင်ရွက်လိုက်သည်များမှ အကျိုးကောင်းရမည်။ မိသားစုတွင် မူလ တစ်ကြိမ်တစ်ခါမှ မကြုံဖူးသည့် ကံကောင်းခြင်းမျိုး ကြုံမည်။ အလုပ်စီးပွား ပတ်သက်၍ အထူးကောင်းသည်။
ယတြာ ။ ။ မွေးနေ့တွင် မုန့်ဟင်းခါး ဒါနပြုပါ။

သောကြာ
စိတ်ချမ်းမြေ့စရာများ တစ်မျိုးပြီးတစ်မျိုး ကြုံမည်။ အလုပ်နေရာ။ နေအိမ် နေရာဝန်းကျင်တွင် ကောင်းသောအပြောင်းအလဲ ကြုံမည်။ လူသစ်၊ နေရာသစ် နှင့် ဆက်ဆံရလင့်ကစား အရာရာ အဆင်ပြေမည်။ စိတ်အားထက်သန်မှုနှင့် အားသွန်ခွန်စိုက် လုပ်ဆောင်မှုတို့ကြောင့် အထူးအကျိုးရရှိမည်။ အတွေးအခေါ် ဟောင်းများ စွန့်၍ အတွေးသစ်၊ အမြင်သစ်များ ဆောင်ရွက်ပါ။ တစ်ပါးသူမှ မည်မျှဝေဖန်တိုက်ခိုက်စေ အဆုံးတွင် အောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် သစ်သားပစ္စည်းဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

စနေ
ခရီးနှင့် ပတ်သက်သည်များ ဆောင်ရွက်အကျိုးပေးမည်။ အလုပ်အကိုင် သစ်၊ အကြံအစည်သစ်များ လက်တွေ့အကောင်အထည်ဖော်သင့်သည်။ အပျက်အယွင်း အနှောင့်အယှက်ရန် မနာလိုသူ၊ အထင်လွဲသူများကြားမှ အောင်မြင်မည်။ နေအိမ်နေရာ၊ အလုပ်နေရာများ အသစ်ပြုပြင်ပြောင်းလဲရန် အခါကောင်း ကျရောက်သည်။ အချစ်ရေး၊ မေတ္တာရေးကို ဦးစားမပေးသော အနေအထား ရှိသည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ထီးနီတစ်လက် ဘုရားကပ်လှူပါ။

From; ဗေဒင်ဝါသနာအိုး မှ

0 comments:

Post a Comment