တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်နိုင်ရန် သီးနှံများ စိုက်ပျိုးစဉ်ကာလ အတွင်း အာမခံထားရှိနိုင်ရန် စနစ်သစ် (ပင်ထောင်အာမခံ)တစ်ခု ထူထောင်သင့်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ဒီဇင်ဘာ ၂၆ ရက်တွင် အကြံပြုလိုက်သည်။
နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် တောင်သူလယ် သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေ ရေးဆွဲနိုင်ရေး ဦး ဆောင်အဖွဲ့ ပထမအကြိမ် လုပ်ငန်းအစည်းအဝေးတွင် ယင်းသို့ အကြံပြုလိုက်ခြင်း ဖြစ်သည်။
“အခုလက်ရှိ သဘာဝဘေးအန္တရာယ်ကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံး တယ်ဆိုရင် နိုင်ငံတော်ရဲ့သီးသန့်ရန်ပုံငွေထဲက လျော်ပေးပါတယ်။ ဒါဟာရေရှည်မှာ နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်လို့ အခုလိုမျိုး အာမခံစနစ်ကို ထူထောင်သင့်ကြောင်း အကြံပြုတာဖြစ် တယ်”ဟု ကမ္ဘာ့နိုင်ငံအချို့တွင် ဖော်ဆောင်အောင်မြင်နေသည့် Weather Tracker Insurance စနစ်ကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။
အဆိုပါစနစ်သည် ရာသီဥတုအခြေအနေပေါ်မူတည်၍ အာမခံလျော်ကြေး ပေးအပ်ခြင်းဖြစ်သဖြင့် မိုးလေ ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ အကူအညီဖြင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ် သည်။
“ဥပမာ မိုးရေချိန်၂၀ လောက် ပုံမှန်ရှိတဲ့ နေရာတစ်ခုမှာ မိုးရေချိန် ၃၀ ထိ တက်သွားတာ၊ ဒါမှမဟုတ် မိုး ရေချိန် ၁၀ ထိကျသွားရင် လျော်ကြေးငွေပေးမယ်လို့သတ်မှတ်ထားရင် အဲသည်သတ်မှတ်ထားတဲ့ ရာသီ ဥတုအနေအထားကို ရောက်တာနဲ့ ဆုံးရှုံးမှုတန်ဖိုးကို လိုက်စစ်စရာမလိုပဲ ပေးသင့်တဲ့ လျော်ကြေးငွေကို ပေးတဲ့ စနစ်ဖြစ်တယ်။ ဒါကြောင့်မို့ သည်စနစ်ဟာ အလုပ်ရှုပ်သက်သာပြီး တောင်သူတွေရဲ့ အကျိုးစီး ပွားကို ကာကွယ်နိုင်တဲ့စနစ်တစ်ခုဖြစ်တယ်”ဟု ဒေါက်တာမောင်မောင်သိမ်းက ရှင်းပြသည်။
အဆိုပါစနစ်ကို ၂၀၁၂ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ကျင့်သုံးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း မြန်မာ့ဆို ရှယ်လစ် လမ်းစဉ်ပါတီခေတ်က ကျင့်သုံးခဲ့သေးသည်။ သို့သော် ပျက်စီးဆုံးရှုံးသည့် တန်ဖိုးပေါ်တွင်သာ တွက်ချက်ပေးလျော်သည့် Group Insurance စနစ်ဖြစ်ပြီး အောင်မြင်မှု မရခဲ့ပေ။
Mizzima - News in Burmese
0 comments:
Post a Comment