Thursday, December 5, 2013

ဒီဇင်ဘာ ၄ ရက်ညက ပုဇွန်တောင်မြို့နယ် ရေကျော်၊ သဇင်လမ်းတွင် လူသတ်မှုဖြစ်ပွား

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် ၉၊ ၅လွှာ (B)တွင် ဒီဇင်ဘာ ၄ ရက် ည ၈နာရီဝန်းကျင်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"အဲဒီတိုက်ခန်းပေါ်မှာ ၀ုန်းဝုန်းဒိုင်းဒိုင်းသံကြားတော့ ရန်ဖြစ်နေကြပြီဆိုပြီး ဘေးခန်းက လှမ်းအော်ပါတယ်။
လူသတ်တယ်လို့လည်း ကြားလိုက်ရတော့ ပတ်ဝန်းကျင်က အတက်အဆင်းလုပ်တဲ့ လှေကားတံခါးကို ပိတ်လိုက်ပါတယ်။ ရဲတွေရောက်လာကြပြီး တက်ကြည့်တဲ့အခါမှာ လူသုံးယောက်ရှိတယ်၊ လူတစ်ဦး က သေနေ ပြီး နောက်တစ်ဦးက ဒဏ်ရာရသွားပါတယ်။ နောက်တစ်ယောက်ကတော့ သတ်တဲ့ လူပါ။ သေတဲ့လူက အိပ်နေချိန် စတီးဓားနဲ့ လည်ပင်းကို အလှီးခံရတယ်လို့ ပြောပါတယ်"ဟု လူသတ်မှု ဖြစ် ပွားသည့် လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
အသတ်ခံရသူမှာ အသက် ၃၅နှစ်နှင့် ၄၀ ၀န်းကျင်ခန့် ရှိနိုင်ကြောင်း အနီးပတ်ဝန်းကျင် တွင် နေထိုင်သူ များ က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင် မြို့မရဲစခန်းသို The Daily Eleven သတင်းစာမှ အသေးစိတ်သိရှိနိုင်ရန် သွားရောက်မေးမြန်းခဲ့ရာ အထက်သို့ သတင်းပို့ရန်ရှိ၍ ယနေ့ည ဖြေကြားနိုင်မည် မဟုတ်ကြောင်း၊ တိုင်းဒေသကြီးရုံးတွင်သာ သတင်းရယူရန် ပုဇွန်တောင် မြို့မရဲစခန်းမှူးက ပြော ကြားသည်။       

Eleven

0 comments:

Post a Comment