၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ
ကျင်းပမည့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့တွင် မိုးများ သည်းထန်စွာ
ဆက်တိုက် ရွာသွန်းမှုကြောင့် အနည်းဆုံး လူနှစ်ဦး သေ ဆုံးပြီး ဒေသ အတွင်းရှိ
လေဆိပ်များ ကို ပိတ်ခဲ့ ရရုံသာမက ရေလွှမ်းမိုးမှု ကြောင့် မီးရထား
ခရီးစဉ်များ ကိုပါ ရပ်တန့်ခဲ့ ရကြောင်း သိရသည်။
ဒီဇင်ဘာ ၁၁ ရက် အစောပိုင်း မှစတင်၍ မိုးအဆက် မပြတ်ရွာသွန်း ခဲ့ပြီး ရေကြီးမှုကြောင့် သေဆုံးခဲ့ရ သည့် လူနှစ်ဦး၏ ရုပ်အလောင်း နှစ်လောင်းကို မြို့၏ မြောက်ပိုင်းရှိ မြစ်တစ်မြစ် အတွင်းမှ ဆယ်ယူရ ရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်များ က ပြောကြားခဲ့သည်။
ရေကြီးမှုများ ဖြစ်ပွားရာ ယင်းဒေသတွင် လုယက်မှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ် ခဲ့ခြင်းကြောင့် အဆိုပါ ဒေသ အတွင်းသို့ ပြည်နယ် အစိုးရက ရဲတပ်ဖွဲ့ဝင် များကို တိုးမြှင့် စေလွှတ်ခဲ့ သည်ဟု သိရသည်။
ထို့အတူ ရေကြီးမှုကြောင့် ယင်းဒေသ အတွင်းရှိ မိသားစုပေါင်း ၂ဝဝဝ ခန့်ကို နေအိမ်များမှ ဘေးကင်းရာ သို့ အာဏာပိုင် များက ရွှေ့ပြောင်း ပေးခဲ့ပြီး ပြည်သူများကို နေအိမ်များ အတွင်း၌သာ နေကြရန် မြို့တော်ဝန် အီဒူအာ ဒိုပေးယက်စ် က တိုက်တွန်း ခဲ့သည်။
အဆိုပါ ရေကြီးမှု များကြောင့် ဒေသအတွင်းရှိ စာသင်ကျောင်း အချို့ကို ပိတ်ပစ်ခဲ့ရပြီး ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ကိုပါ ထိခိုက် ခဲ့ကြောင်း သိရသည်။
Themyawadydaily
0 comments:
Post a Comment