ရန်ကုန်- ပုဂံမြို့ဟောင်းတွင် နေ၀င်ချိန်ကြည့်ရှုရန်အတွက် သတ်မှတ်မထားသည့် 
ငါးမျက်နှာဘုရားပေါ်သို့ တက်ရောက်၍ နေ၀င်ချိန်ကြည့်ရှုသော 
အမေရိကန်နိုင်ငံသားတစ်ဦး ယင်းဘုရားပေါ်မှ ပြုတ်ကျ၍ 
ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၂ ရက် ညက အသက်(၂၇)နှစ်အရွယ် အမေရိကန်နိုင်ငံသား အင်ဒရူးအပါအ၀င် လေးဦးသည် ပုဂံမြို့ဟောင်းတွင် နေ၀င်ချိန်ကြည့်ရှုရန်အတွက် သတ်မှတ်မထားသော ငါးမျက်နှာဘုရားပေါ်သို့ တက်ရောက် ခဲ့သည်။ ယင်းအဖွဲ့ထဲမှ အင်ဒရူးသည် ဘုရားအပေါ်ဆုံးထိပ်နားအထိ တက်ရောက်ပြီး နေ၀င်ချိန်ကြည့်ရှုရာ ယင်းဘုရားပေါ်မှ ပြုတ်ကျသွားခြင်းဖြစ်ခဲ့သည်။
 
ဒီဇင်ဘာ ၂၂ ရက် ညက အသက်(၂၇)နှစ်အရွယ် အမေရိကန်နိုင်ငံသား အင်ဒရူးအပါအ၀င် လေးဦးသည် ပုဂံမြို့ဟောင်းတွင် နေ၀င်ချိန်ကြည့်ရှုရန်အတွက် သတ်မှတ်မထားသော ငါးမျက်နှာဘုရားပေါ်သို့ တက်ရောက် ခဲ့သည်။ ယင်းအဖွဲ့ထဲမှ အင်ဒရူးသည် ဘုရားအပေါ်ဆုံးထိပ်နားအထိ တက်ရောက်ပြီး နေ၀င်ချိန်ကြည့်ရှုရာ ယင်းဘုရားပေါ်မှ ပြုတ်ကျသွားခြင်းဖြစ်ခဲ့သည်။
ထိုသို့ပြုတ်ကျမှုကြောင့် မေးရိုးကျိုး၊ ၀ဲလက်ကောက်ဝတ်နှင့် ယာလက်ဖျံရိုး ကျိုးသွားခဲ့ကြောင်း သတင်းရရှိသည်။
“ပြုတ်ကျတာ ဟုတ်ပါတယ်။ ဒဏ်ရာအပြင်းအထန်ရပါတယ်။ နေ၀င်ချိန်ကြည့်တာလို့ ပြောပါတယ်။ သူ့ကို ခရီးသွားစောင့်ရှောက်ရေးရဲတွေက ညောင်ဦးဆေးရုံကို ပို့ပေးပါတယ်”ဟု ပုဂံမြို့ ရှေးဟောင်းသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမျိုးဦးက ပြောသည်။
“အဲဒီဘုရားက နေ၀င်ချိန်တက်ကြည့်ရမယ့်ဘုရားတွေထဲမှာ မပါပါဘူး။ သူတို့ဘာသာသူတို့ တက်ကြည့် တာနေမှာပါ။ တက်ကြည့်လို့ရမယ့် ဘုရားတွေကလည်း နေ၀င်ချိန်ကြည့်တဲ့သူတွေက တော်တော် များ တယ်။ အဆင်မပြေဘူး”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ၊ ပုဂံမြို့ဒေသတွင်း ဧည့်လမ်းညွှန် များ အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။
ပုဂံမြို့တွင် နေ၀င်ချိန်ကြည့်ရှုရန်အတွက် သတ်မှတ်ထားသော ဘုရားများမှာ ရွှေဆံတော်၊ ဗူးလည်သီး၊ ပုဂံမျှော်၊ ပြဿဒ်ကြီး၊ သစ္စာဝတီ စသည့် ဘုရားများတွင် ကြည့်ရှုနိုင်ကြောင်း ပုဂံမြို့ရှေးဟောင်း သုတေသနဦးစီးဌာနမှ သတင်းရရှိသည်။
ပုဂံမြို့ဟောင်းတွင် ကမ္ဘာလှည့်ခရီးသွားများသည် ဘုရားများပေါ်သို့တက်ရောက်ပြီး နေ၀င်ချိန်ကြည့်ရှုရာမှ ပြုတ်ကျသေဆုံးမှုများပင်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ပုဂံမြို့ဟောင်းသို့ ယခုလအတွင်း ကမ္ဘာလှည့်ခရီးသွားများ တစ်နေ့လျှင် တစ်ထောင်ကျော် လာရောက်လျက် ရှိကြောင်း သတင်းရရှိသည်။
7Day News Journal
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment