
အနုပညာနဲ့ပတ်သတ်ရင် သရုပ်ဆောင်အပြင် ဂီတပါ ၀ါသနာကြီးသူကတော့ အကယ် ဒမီစိုးပြည့်သဇင် ပါပဲ။ သူမဟာ မကြာသေးခင်ကမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင် ထားတဲ့ အနု ပညာရှင် တစ်ဦးဖြစ်သလို အနုပညာ၊ ဂီတနဲ့ ကျောင်းစာကို ဘယ်လိုများ မျှတ လုပ်ဆောင် သွားမလဲ ဆိုတာကို စောင့်ကြည့်အကဲခတ်နေကြတဲ့ ပရိသတ်ကြီးအတွက် သူမနဲ့ ဆုံတွေ့ခိုက် ခုလို မေးမြန်းကြည့်လိုက်တဲ့ အခါ ‘ဆယ်တန်းအောင်သွားပြီဆိုတော့ ကျောင်းကတော့ လျှောက်ထား တုန်းပါ ပဲ။ ဘာပဲပြောပြော ဆယ်တန်းအောင်သွားပြီဆိုတဲ့အတွက် စိတ်တော့ သက်သာသွားတာပေါ့။ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်ဆိုတာအချိန်ယူပြီးတက်လို့ရတယ်။ အဝေးသင်ဆိုတဲ့အတွက် ဆယ်တန်းနဲ့လဲ မတူဘူး။
၂၀၁၂ အကယ်ဒမီနဲ့ ပတ်သတ်လို့လည်းသူမက ‘ဒီနှစ်အတွက်တော့ ရင်ခုန်စရာမရှိသေးပါဘူးရှင်။ ညီမ ၀တ်စုံ အတွက် ပိုးထည်က မလတ်ပါ။ ဒီဇိုင်နာကလဲ မလတ်ပါ။ အရောင်က လိမ္မော်ရောင်လေးပါ’တဲ့။
အားလုံးစိတ်ဝင်စားနေတဲ့ စိုးပြည့်သဇင်ရဲ့ အချစ်ရေးကို မေးကြည့်တဲ့အခါမှာတော့ သူမက ‘စိုးပြည့်ရဲ့ မင်္ဂလာသတင်းကတော့ အဝေးကြီးမှာပါ။ အချစ်ဆိုတာကို စိုးပြည့် နားလည်ထားတာက စိုးပြည့်မှာ ရှိနေတဲ့ မိဘ၊ဆွေမျိုးသားချင်း၊ မောင်နှမ၊ စိုးပြည့်ရဲ့ပရိသတ်၊ စိုးပြည့်ရဲ့ အနုပညာ ဒါတွေပဲ စိုးပြည့် အတွက် အချစ်လို့ယူဆရမှာပေါ့နော်’လို့ ဆိုသွားပါတယ်။
Trend Myanmar
0 comments:
Post a Comment