Tuesday, December 24, 2013

မသန်စွမ်း ဥပဒေ ပြဌာန်းရန် ပြင်ဆင်

မသန် စွမ်းသူများလူ့အခွင့်အရေး အပြည့်အဝရရှိနိုင်ရေးအတွက် မသန်စွမ်းဥပဒေကိုပြဋ္ဌာန်းနိုင် တော့ မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ခုနှစ်၊ အောက်တို ဘာလမှစတင်ကာ မသန်စွမ်း ဥပဒေကြမ်းကို စတင်ရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ယခု အချိန်တွင် ဥပဒေကြမ်းရေးဆွဲမှုပြီးဆုံးချိန် နီးပြီဖြစ်ကြောင်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။ 

မသန်စွမ်းသူများ၏ ရရှိထိုက်သောအခြေခံလူ့အခွင့်အ ရေးများ၊ ခွဲခြားဆက်ဆံမှုပ ပျောက်ရေး၊ မသန် စွမ်းသူများ ၏ကျန်းမာရေးကို အထူးစောင့် ရှောက်ရေးနှင့် အာဆီယံမသန် စွမ်းမှုအခွင့်အရေးတို့ကို ထည့် သွင်းရေးဆွဲထားကြောင်းနှင့် ဥပဒေကြမ်းကိုပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်လာသည့်အပြင် အ ကျိုးကျေးဇူးများစွာ ရရှိနိုင်သည် ဟု ယင်းကဆက်ပြော သည်။

Yangon Media Group

0 comments:

Post a Comment