
နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပြုလုပ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တရားမ၀င်ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှုပြုလုပ်ပြီးနောက်
မြန်မာနိုင်ငံ၏ တရားဝင် ကုန်သွယ်မှု တန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက်
အမေရိကန်ဒေါ်လာလေး ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာမှစ၍ မြန်မာ-ထိုင်းနယ်စပ်နှင့် မြန်မာ-တရုတ်နယ်စပ်
ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်ရှိ တရားမ၀င်ကုန်သွယ်နေမှုများကို Mobile
Team (တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး) အဖွဲ့များဖြင့် ဆက်တိုက်
ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ယခင်မြန်မာနိုင်ငံတွင်းသို့
တရားမ၀င် ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်စည်များကိုဖမ်းဆီးရမိခဲ့ပြီး
ပညာပေးကာလအတွင်း ပညာပေးခြင်း များပြုလုပ်ကာ
နောက်ပိုင်းတွင်ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့်
ယခင်တရားမ၀င် ကုန်သွယ်မှုများမှာ တရားဝင်ကုန်သွယ်မှု
လမ်းကြောင်းပေါ်သို့ရောက်ရှိလာခြင်းမှာလည်း
ကုန်သွယ်မှုတန်ဖိုးပိုမိုရရှိခဲ့သည့် အချက်တစ်ခုဖြစ်ပြီး
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုဆိုင်ရာဗျူဟာများ
ချမှတ်၍လုပ်ကိုင်နေမှုများလည်း ရှိကြောင်း သိရသည်။
နယ်စပ်များမှတစ်ဆင့် ကုန်သွယ်မှုပြု လုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်မှ
ကုန်သွယ်မှု အများဆုံးပြုလုပ်ပြီး ဒုတိယအများဆုံးအဖြစ်
မြန်မာ-ထိုင်းနယ်စပ်မှကုန်သွယ်မှုပြုလုပ်နေပြီး အဆိုပါနယ်စပ်များ၌ပင်
ကွင်းလမ်းများမှ တရားမ၀င်ကုန်သွယ်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး
မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေး ဇုန်တစ်ဝိုက်တွင်
တရားမ၀င်ကုန်သွယ်မှုပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိရှိကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှုများအား
ဖမ်းဆီးရာတွင် ကျောက်စိမ်း၊ အရက်၊ ဘီယာ၊ စက်သုံးဆီ၊ စိတ်ကြွမူးယစ်ဆေးဝါး၊
ဖုန်းဟန်းဆက်နှင့် စားသောက်ကုန်ပစ္စည်းများကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး
ဒီဇင်ဘာ ၁၄ ရက်တွင် City Mart ပိုင်ရှင်နှင့်ဆက်နွှယ်မှုရှိသော Premium Food
Service Products ကုမ္ပဏီမှတွေ့ရှိထားသည့် ၀ိုင်နှင့်အရက်အများစုမှာ
တရားဝင်တင်သွင်းခွင့်အထောက် အထားပြသနိုင်ခြင်း မရှိ၍ ပို့ကုန်၊ သွင်းကုန်
ဥပဒေဖြင့် အရေးယူခဲ့ကြောင်းသိရသည်။
တရားမ၀င်များ ဖမ်းဆီးမှုကြောင့် လက်ရှိတိုးလာသော ကုန်သွယ်မှုပမာဏ
အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အပေါ်၌ပင် အကောက်ခွန်မပါ
ကုန်သွယ်လုပ်ငန်းခွန်တစ်မျိုးတည်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ကျပ်ဘီလျံ
ရာဖြင့်ချီကာ တိုးတက်ရရှိခဲ့ ကြောင်းလည်း သိရသည်။
ယခု ဘဏ္ဍာနှစ် ဧပြီလ ၁
ရက်မှ ဒီဇင်ဘာလ ဒုတိယပတ်အထိ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆
ဘီလျံ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
သိရသည်။
Eleven
0 comments:
Post a Comment