Friday, December 13, 2013

ထိုင်းအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ် အတွက် လေ့ကျင့်မှု ပြုလုပ်နေ သည့် မြန်မာအသင်း


ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ထိုင်းအသင်း အနေနဲ့ အိမ်ရှင်မြန်မာ အသင်းနဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အုပ်စု အဆင့်က ကျော်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ထိုင်းအသင်း အတွက်ရော၊ မြန်မာ အသင်း အတွက်ပါ အရေးပါ တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး ထိုင်းအသင်း နည်းပြ ကိုင်တီဆက်က အသင်းလိုက် စုစည်းကစားမှုက အနိုင်ရဖို့ အရေးပါတယ်လို့ ပြောကြား လိုက်ပါတယ်။

ထိုင်းအသင်းဟာ အင်ဒိုနီး၇ှား အသင်းနဲ့ ပွဲမှာ လွယ်လွယ်ကူကူ အနိုင်ရရှိ ခဲ့ပေမဲ့ အုပ်စုအဆင့်က ကျော်လွန်ဖို့ အတွက် အိမ်၇ှင်မြန်မာနဲ့ ပွဲဟာ အရေး ပါတဲ့ ပွဲစဉ် လဲဖြစ်လာ နိုင်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ အတွက် ၂၀၁၂ခုနှစ် ထဲက လေ့ကျင့်ပြင်ဆင် နေခဲ့တဲ့ ထိုင်းအသင်းမှာ မြောင်တောင် ယူနိုက် တက်နဲ့ ဘီအီးစီတယ်ရို ဆက်ဆနာ အသင်းတို့က ကစားသမား လေးဦးစီနဲ့ အများဆုံး ပါဝင်လာကြောင်း သိရပါတယ်။

Credit: MRTV-4

‪#‎မောရစ်‬

0 comments:

Post a Comment