Monday, November 25, 2013

လူမှန်ရင် စီးပွားရေးအလုပ်ကို လုပ်ကိုလုပ်ကိုင်ရမယ်ဟု R ဇာနည် ပြောကြား

 
အဆိုတော် R ဇာနည်က လူမှန်ရင် စီးပွားရေးအလုပ်ကို လုပ်ကိုလုပ်ကိုင်ရမယ်ဟု နိုဝင်ဘာ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည့် ၎င်း၏ Diva ဇာဆိုင် ဖွင့်ပွဲတွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။

“ကျွန်တော်တို့ စီးပွားရေးလုပ်ချင်နေတာကြာပါပြီ။ ဒါပေမဲ့ အလုပ်တွေမအားတာကြောင့် မလုပ်ဖြစ်တာ ပါ။ နောက်ပြီး ကျွန်တော့်ဇနီးဝမ်းကလည်း စီးပွားရေးလုပ်ချင်နေတာကြာပြီဆိုတော့ အခုလိုဆိုင်ဖွင့် လိုက်တာပါ။ အရင်တုန်းကတော့ စီးပွားရေးမလုပ်ဖူးခဲ့ပါဘူး။ ရေရှည်ဘ၀အတွက် ကြိုတင်ပြင်ဆင်ရ ခြင်းပါ”ဟု အဆိုတော်R ဇာနည်က ပြောသည်။

၎င်းဆိုင်ကို ဗဟန်းမြို့နယ် ဆရာစံလမ်း၊ အမှတ်(၇)တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီးR ဇာနည်၏ဇနီးဖြစ်သူ ၀မ်းက ဦးစီးဖွင့်လှစ်ခြင်းဖြစ်သည်။ ၀မ်းက “အစ်မတို့ ဒီဆိုင်ကို ဖွင့်ဖို့ကြိုးစားနေတာကြာပြီ။ အလုပ်တွေ မအားတာကြောင့်ပါ။ ဒါကြောင့်မို့ အားတဲ့အချိန်လေးမှာ ဖွင့်တာပေါ့။ ကိုယ်တိုင်ကလည်း customer ဖြစ်ခဲ့တော့ ၀ယ်ယူသူတွေရဲ့ လိုချင်တာတွေ၊ လိုအပ်ချက်တွေကို သိတယ်။ ဒါကြောင့်မို့ အကောင်းဆုံး တော့လုပ်ထားတယ်။ ဈေးနှုန်းတွေဆိုရင်လည်း အတတ်နိုင်ဆုံး ချိုအောင်လုပ်ပေးထားတာပါ။ ကိုဇာနည်ကတော့ အစ်မရဲ့ လိုအပ်ချက်တွေကိုလိုက်ပြီး လုပ်ပေးပါတယ်”ဟု ယင်းက ပြောသည်။

အဆိုတော် R ဇာနည်တို့၏ ဇာဆိုင်တွင် ပြင်သစ်၊ ဆွစ်ဇာလန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံများမှ ပွဲထိုင်ဇာအမျိုးမျိုးအား ရောင်းချထားသည့်အပြင် ပိုးသားစစ်စစ် ရက်ကန်းချိတ်များကိုလည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။

Mizzima 

0 comments:

Post a Comment