Tuesday, November 19, 2013

ဆက်ကြေးတောင်းစီးပွားရှာနေသော KIA အား အရေးယူပေးရန် NLD ပါတီက ကချင်ပြည်နယ်ဝန်ကြီးထံ တင်ပြမည်

Photo: ဆက်ကြေးတောင်းစီးပွားရှာနေသော KIA အား အရေးယူပေးရန် NLD ပါတီက ကချင်ပြည်နယ်ဝန်ကြီးထံ တင်ပြမည်

နိုဝင်ဘာ ၁၉ ရက် ၂၀၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာများအနီးတစ်ဝိုက် ၌ ရွှေတူးဖော်နေသော စက်ဆိုင်းပိုင်ရှင်များထံမှ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့က ဆက်ကြေးငွေများ လာရောက်တောင်းခံသွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

``မိုင်းနောင်ကျေးရွာနားက ရွှေမှော်မှာဆိုရင် စက်ဆိုင်း ၈၀ ကျော် ရှိတယ်။ မမုန်ကိုင်ရွာအနီးဝန်းကျင်းမှာ စက်ဆိုင်း ၆၀ နီးပါးရှိတယ်။ အနည်းဆုံးစက်ဆိုင်း ၁ ဆိုင်းကို ၁ သိန်းနဲ့ပဲ ဆက်ကြေးကောက်ဦး၊ တစ်ခါကောက် ရင် သိန်းပေါင်း(၁၄၀)လောက်ရနေတော့ KIA အတွက် စီးပွားရေးလုပ်ငန်းတစ်ခုလို ဖြစ်နေတာပေါ့´´ ဟု မိုင်းနောင်ရွာသားတစ်ဦးက ပြောပြသည်။

``အဲဒီရွှေမှော်တွေမှာ စက်ဆိုင်းတွေနဲ့ ရွှေတူးနေတာ၊ အရမ်းများလွန်းနေပါတယ်။ အင်းတော်ကြီးအိုင်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ပဲ အန္တရာယ်ကြီပါတယ်´´ ဟု မိုးညှင်းမြို့ခံ ၀န်ထမ်းတစ်ဦး က ဆိုသည်။

အဆိုပါရွှေတူးဖော်နေသူများထံမှ ငွေကြေးများကောက်ခံ၍ လုပ်ကိုင်ခွင့်ပြုထားသော KIA အဖွဲ့၏ ငွေကြေး ပါဝင်ပတ်သက်မှုကို မိုင်းနောင်ကျေးရွာ NLD ပါတီတောင်သူလယ်သမားသမဂ္ဂအဖွဲ့နှင့် အင်းတော်ကြီးအိုင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသော ဒေသခံများက စနစ်တကျမှတ်တမ်းပြုလုပ်နေကြောင်း သိရသည်။

``ရွှေတူးတဲ့သူတွေဆီက ငွေကြေးတောင်းယူမှုနဲ့ပတ်သက်ပြီး KIA ရဲ့ မှတ်တမ်းကို စနစ်တကျပြုစုနေပါတယ်၊ KIA တင်မကဘဲ အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေပါတယ်ဆိုရင်လည်း အရေးယူဖို့ ပြည်နယ်ဝန်ကြီးကို တင်ပြသွားမှာပါ´´ ဟု ယင်းပါတီဝင်တစ်ဦးက ရှင်းပြသွားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် အင်းတော်ကြီးဒေသ ကုန်းမနကျေးရွာ၌ပြုလုပ်မည့် ရှမ်းရိုးရာနှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်လာမည့် ပြည်နယ်ဝန်ကြီးထံ အဆိုပါကိစ္စအား တင်ပြသွားမည်ဖြစ်ကြောင်း၊ ထိုသို့ တင်ပြမှုအပေါ် အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက ပြည်ထောင်စုအဆင့်ဝန်ကြီးများထံသို့ ဆက်လက်တင်ပြ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

နော်မိုင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာများ အနီး တစ်ဝိုက် ၌ ရွှေတူးဖော်နေသော စက်ဆိုင်းပိုင်ရှင်များထံမှ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့က ဆက်ကြေးငွေများ လာရောက်တောင်းခံသွားကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။

``မိုင်းနောင်ကျေးရွာနားက ရွှေမှော်မှာဆိုရင် စက်ဆိုင်း ၈၀ ကျော် ရှိတယ်။ မမုန်ကိုင်ရွာအနီးဝန်းကျင်းမှာ စက်ဆိုင်း ၆၀ နီးပါးရှိတယ်။ အနည်းဆုံးစက်ဆိုင်း ၁ ဆိုင်းကို ၁ သိန်းနဲ့ပဲ ဆက်ကြေးကောက်ဦး၊ တစ်ခါကောက် ရင် သိန်းပေါင်း(၁၄၀)လောက်ရနေတော့ KIA အတွက် စီးပွားရေးလုပ်ငန်း တစ်ခုလို ဖြစ်နေတာပေါ့´´ ဟု မိုင်းနောင်ရွာသားတစ်ဦးက ပြောပြသည်။

``အဲဒီရွှေမှော်တွေမှာ စက်ဆိုင်းတွေနဲ့ ရွှေတူးနေတာ၊ အရမ်းများလွန်းနေပါတယ်။ အင်းတော်ကြီးအိုင်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ပဲ အန္တရာယ်ကြီပါတယ်´´ ဟု မိုးညှင်းမြို့ခံ ၀န်ထမ်း တစ်ဦး က ဆိုသည်။

အဆိုပါရွှေတူးဖော်နေသူများထံမှ ငွေကြေးများကောက်ခံ၍ လုပ်ကိုင်ခွင့်ပြုထားသော KIA အဖွဲ့၏ ငွေကြေး ပါဝင်ပတ်သက်မှုကို မိုင်းနောင်ကျေးရွာ NLD ပါတီတောင်သူလယ်သမားသမဂ္ဂအဖွဲ့နှင့် အင်းတော်ကြီးအိုင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသော ဒေသခံများက စနစ်တကျ မှတ်တမ်းပြု လုပ်နေကြောင်း သိရသည်။

``ရွှေတူးတဲ့သူတွေဆီက ငွေကြေးတောင်းယူမှုနဲ့ပတ်သက်ပြီး KIA ရဲ့ မှတ်တမ်းကို စနစ် တကျပြုစုနေပါတယ်၊ KIA တင်မကဘဲ အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေပါတယ်ဆိုရင်လည်း အရေးယူဖို့ ပြည်နယ်ဝန်ကြီးကို တင်ပြသွားမှာပါ´´ ဟု ယင်းပါတီဝင်တစ်ဦးက ရှင်းပြသွားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် အင်းတော်ကြီးဒေသ ကုန်းမနကျေးရွာ၌ပြုလုပ်မည့် ရှမ်းရိုးရာနှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်လာမည့် ပြည်နယ်ဝန်ကြီးထံ အဆိုပါကိစ္စအား တင်ပြသွားမည်ဖြစ်ကြောင်း၊ ထိုသို့ တင်ပြမှုအပေါ် အရေးယူဆောင်ရွက်ပေးခြင်း မရှိပါက ပြည်ထောင်စု အဆင့်ဝန်ကြီးများထံသို့ ဆက်လက်တင်ပြ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

နော်မိုင်

0 comments:

Post a Comment