Thursday, November 28, 2013

CDMA 800 ဖုန်းတစ်နိုင်ငံလုံး အသုံးမပြုနိုင်သေး၍ သုံးစွဲသူ တချို့မကျေနပ်

ကျပ် ငါးသိန်းတန် CDMA 800 ဖုန်းသည် ထောင့်ငါးရာတန်ဖုန်းကဲ့သို့ ဒေသမရွေးအသုံးမပြုနိုင်သေးသည့်အတွက် ကျေနပ်မှုမရှိ ကြောင်း ဖုန်းသုံးစွဲသူတချို့က ပြော သည်။
''ခရီးသွားမှ ဒီလိုအဖြစ်မျိုးကြုံရတာပါ။ ကိုယ့်လောက်ဈေးမရှိတဲ့ဖုန်းက ကိုယ့်ထက် သာတယ်။ နှိမ်ပြောတာ မဟုတ်ဘူး။ ဆက်သွယ်ရေးက လူတွေမ တရားတာပါ။ စိတ်ထဲမှာ လိမ်ရောင်းခံရသလိုပါပဲ''ဟု ဖုန်းသုံးစွဲသူ ကိုဇေယျာ က ပြောသည်။

ဖုန်းပြောဆိုမှုအပိုင်းတွင် ရန်ကုန်၊ မန္တလေးမှလွဲ၍ အခြားလိုင်းမိသည့် မြို့ များတွင်လည်း အသံကြည်လင်မှု မရှိ ခြင်း၊ အင်တာနက်အသုံးပြုခ ကြီးမြင့် ခြင်းနှင့်မက်ဆေ့ခ်ျပို့၍ အင်တာနက် လျှောက်ထားမှု မရခြင်း၊နယ်ကျော် အ သုံးပြုရာတွင် CDMA 450 MHz ဟန်းဆက် ဖြင့်အသုံးပြုရခြင်းစသည့် အချက်များမှာ CDMA 800ဖုန်းကိုင်ဆောင်သူများ အား နစ်နာစေကြောင်း သုံးစွဲသူတစ်ဦး က ဆိုသည်။

''ကျပ်ငါးသိန်းပေးဝယ်ပြီးမှ နောက် CDMA 450 ဟန်းဆက်တစ်လုံးထပ်ဝယ်ပြီးသုံးရမယ်ဆိုတာ လူပြိန်း အတွေးနဲ့ တွေးရင်တောင် တရားသလား၊ ဝယ်ပြီးသုံးရင်လည်းခေါ်ဆိုခက ပိုသေးတယ်။ ဝယ်ထားတဲ့ လူတွေကို နည်းနည်းမှ ပြန်မကြည့်ဘူး။ နောက်ဖုန်းတွေ အတွက်ပဲလုပ်တယ်။ ဆန္ဒပြဖို့ခေါင်းစဉ် မကြီးတဲ့အတွက် မပြတာပါ''ဟုဒဂုံအရှေ့မှ ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။

လက်ရှိ CDMA 800 ဖုန်းများ၏ခေါ်ဆိုခမှာ တစ်မိနစ် ၅ဝ ကျပ်ဖြစ်ပြီး CDMA 450 MHz ဟန်းဆက်သို့ ပြောင်းပါက တစ်မိနစ် ၆ဝ ကျပ်ကောက် ခံကြောင်း သိရသည်။ယင်းအပြင် ဟန်းဆက် အပြောင်း အလဲမကြာခဏလုပ်ပါက ဆင်းကတ်ပျက်စီးမှုများဖြစ်ပွားကြောင်း ဟန်းဆက် ပြင်ဆိုင်တစ်ခုမှ သိရသည်။ကျပ် ငါးသိန်း CDMA 800 ဖုန်း သယ်ဆောင်အသုံးပြုနိုင် သည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ မော်လ မြိုင်၊ မုံရွာ၊ ပြည်စသည့် မြို့ကြီးအနည်း ငယ်သာရှိပြီး ကျပ် ထောင့်ငါးရာ တန် ဖုန်း သယ်ဆောင်အသုံးပြုနိုင်သည့် မြို့ မှာ တစ်နိုင်ငံလုံးနီးပါးရှိကြောင်း သိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment