Wednesday, November 13, 2013

တောင်ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲ ကြည့်ရှု သူများအား မြောက် ကိုရီးယား အစိုးရက လူသိ ရှင်ကြား ကွပ်မျက်


တောင်ကိုရီးယား နိုင်ငံ၏ ရုပ်သံဇာတ်လမ်းတွဲ များကို ကြည့်ရှု ခဲ့ခြင်း ကြောင့် မြောက် ကိုရီးယား ပြည်သူ ၈ဝ ခန့်ကို ယခုလ အစောပိုင်း တွင် မြောက်ကိုရီးယား အစိုးရက လူသိ ရှင်ကြား ကွပ်မျက် ခဲ့သည်ဟု နိုဝင် ဘာ ၁၁ ရက်တွင် တောင်ကိုရီးယား သတင်းစာ တစ်စောင်၌ ဖော်ပြထားသည်။
အဆိုပါ ကွပ်မျက်မှုများကို နိုဝင်ဘာ ၃ ရက်တွင် မြို့ကြီး ခုနစ်မြို့ အတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကွပ်မျက်ခံရသူ အများစုမှာ တားမြစ် ထားသည့် တရား မဝင် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများကို ကြည့်ရှုခြင်းအတွက် တရားစွဲဆိုခံထားရသူများဖြစ်ပြီး အချို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှု အတွက် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment