Monday, November 18, 2013

ဖခင်ကို ခြေနှင့် ကန်ချသည့် သားမိုက်ငထွန်း

လောကမှာ ငွေကြေးချမ်းသာလို့ ကုသိုလ်ကောင်းမှု့  များစွာဖြစ်တဲ့ ဘုရားတည် ကျောင်းဆောက် ၊ စ သည်ဖြင့် ကုသိုလ်တွေလုပ်ခဲ့လျှင် ဒီအကျိုးဆက်တွေဟာနောင်ဘဝတော့ ဧကန်မုချအကျိုးပေးလိမ့်မယ် ။
မိဘနဲ့ပတ်သက်လာတဲ့ ကောင်းမွေ ဆိုးမွေတွေကိုတော့ ကိုယ်စိတ်ထားနဲ့ တန်သလိုဟိုဘဝမကူး ဒီဘဝမှာ ဘဲ ဒိဠဓမ္မ မျက်ဝါးထင်ထင် အကျိုးခံစားကြရပေလိမ့်မယ် ။
စာရေးသူမှာ ငယ်သူငယ်ချင်း " ကိုထွန်း" ဆိုတာရှိခဲ့ဖူးတယ် ၊သူကတော့ မန္တလေးမှာနေတယ် ။သူက သူငယ်ချင်းတွေနဲ့ ပတ်သက်လာလျှင် အရမ်းကို စိတ်သဘောထားပြည့်ဝတယ် ။
ဒါပေမဲ့ သူအိမ်ပြန်ရောက်ပြီ ဆိုလျှင်တော့ ဘယ်သူနဲ့မှမတည့်ဘူး။ အထူးသဖြင့်မိဘနှစ်ပါးကို ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံပြီး ပြသနာအမြဲရှာတတ်တယ် ။
မိဘနှစ်ပါးကိုသူကပဲ ကျွေးမွေးစောင့်ရှောက် ထားသည့်ပမာ အော်လိုက်ငေါက်လိုက် ဆဲလိုက်ဆိုလိုက် ဟိုနေရာ မသွားရဘူး ဒီနေရာမသွားရဘူး ချုပ်ချယ်ကန့်သတ် အမိန့်ပေးထားလေ့ရှိတယ် ။
ဒီအကြောင်းအရာတွေကို စာရေးသူအပါအဝင် သူငယ်ချင်းများသိတော့ " သူငယ်ချင်းကိုထွန်း ၊ မင်းအဲ့ဒီလို မပြောနဲ့ မခိုင်းနဲ့ မဆဲပါနဲ့ မနှိပ်စက်ပါနဲ့ မိဘကိုပြစ်မှားတာ အလွန်ကြောက်စရာ ကောင်းတဲ့အကြောင်း မိဘပြစ်မှားတဲ့ သားသမီး ဟာ ခရီးလမ်းအတူတူသွားတောင်မှ အန္တရာယ်ဘေးဒုက္ခ ကြုံရ တတ်တဲ့ အကြောင်းနောက်ဆံုးကုန်ကုန်ပြောရရင် အဲ့ဒီသားသမီးသွားလေရာ အရပ်ဌာနဝန်းကျင်တွေမှာ အန္တရာယ်ပေးမဲ့ သက်ရှိသက်မဲ့တွေ အလိုလိုရှိလာတတ်ကြောင်း ဝိုင်းဝန်းပြီး ဖြောင့်ဖြောင့် ဖျဖျ ပြော ဆိုပေးကြပါတယ် ။
ဒါပေမဲ့ နောက်တစ်ရက်နှစ်ရက်ပဲ သူလိုက်နာတယ် ။ နောက်ရက်ဆိုလျှင် နဂိုအတိုင်းပင် မိဘနှစ်ပါးကို ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတော့ပြန်တာပဲ ၊ ဒီလိုနဲ့ တနေ့မှာ ကိုထွန်းဟာ မြို့ထဲလ္ဘက်ရည်သွားသောက်မယ်ဆိုပြီး သူ့အဖေကို အိမ်ပေါ်ကနေ စက်ဘီးအောက်ချ ခိုင်းတယ်။
အဲ့ဒီချိန်မှာ သူ့အဖေကသူပြောတဲ့ အတိုင်းချပေးပါတယ် ။ အိမ်ကနည်းနည်းကျဉ်းတော့စက်ဘီးထုတ်ရတာ နည်းနည်းခက်ပါတယ် ။ မြေကြီးနဲ့ အိမ်နဲ့ အမြင့်က (၁၀)ပေလောက်မြင့်ပါတယ် ။ အဲ့ဒီမှာ အပြင်ထွက်ဖို့ စောင့်နေတဲ့ ကိုထွန်းက စက်ဘီးချ တာနှေးရသလားဆိုပြီး အိမ်ပေါ်လှေကားထိပ်ကနေ သူ့ အဖေကို ကန်ချ လိုက်ရာ လူရောစက်ဘီးရော ဝုန်းးးး ဆိုပြုတ်ကသွားပါတော့တယ် ။
ကိုထွန်းဟာ လှဲနေတဲ့စက်ဘီးကို ကောက်ယူပြီး စက်ဘီးပေါ်တက်ခွလျက် သူ့အဖေကို" ခင်ဗျားကြီး မြန်မြန် သေတာဘဲကောင်းတယ်" ဟု လက်ညိုးထိုးပြောပြီး စက်ဘီးစီထွက်လာခဲ့ပါတော့တယ် ။
သူလည်းအိမ်ကအထွက် သူ့အဖေဟာ လှေကားခြေရင်းမှာဘဲ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွား ခဲ့ပါတယ် ။ ဒီလိုနဲ့ ကိုထွန်းဟာ တနေကုန် အိမ်ကိုရောက်မလာဘဲရှိရာ ညနေကြတော့ ကိုထွန်း တစ် ယောက် ( ဆယ်ဘီးကား ) ဘရိတ်ပေါက်လို့ လမ်းဘေးထိုင်နေသော ကိုထွန်းအား ကားတိုက် ခံရကြောင်း သတင်းကြားလိုက်ရပါ တော့တယ် ။
အိမ်ကလူနဲ့ သူငယ်ချင်းတွေ လိုက်သွားကြည့်တော့ သူ့ ခန္ဓာကိုယ်ဟာ ပြားချပ်ပြီး ပါးစပ်က သွေးတွေ ထွက် နေတာကို တွေ့လိုက်ရပါတော့တယ် ။
ကိုထွန်းဟာမိဘအပေါ်မှာကျေးဇူးတရားကိုနားမလည်မိုက်ရိုင်း စော်ကားခဲ့တဲ့အတွက်ကြောင့် ထိုအကျိုး ဆက် ကံတရားဟာ နောက်နေ့ မကူးဘဲ ဒိဠဓမ္မ အကျိုးပေးခြင်း ခံရတော့တာပါပဲ ။
သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့ 
နှင်းဆီဖူးလေးများ-Love BUDS

0 comments:

Post a Comment