Monday, November 18, 2013

15.11.2013 မှ 21.4.2013 အထိ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

စိတ်တွေလေနေမည်။ ခရီးတွေဆက်ထွက်ချင်နေမည်။ အိမ်နှင့် အဆင်မပြေ သလိုဖြစ်မည်။ အချစ်ရေး အဆင်ပြေလိုက်၊ မပြေလိုက် ဖြစ်နေမည်။ အထင်လွဲကိန်းရှိ၍ ဆင်ခြင်ပါ။ စာမေးပွဲ အောင်မြင်မည်။ လက်ဆောင်ရမည်။ အလုပ်ရာထူးတက်၊ လစာတိုးမည်။ မိခင်၊ အဒေါ်ချူချာမည်။ မစိုးရိမ်ရပါ။

အကျိုးပေးဂဏန်း ၂၊၅၊၇

အထူးဟော စိတ်ချမ်းသာမှု ရမည်။

ယတြာ အိမ်ဘုရားကို တနင်္ဂနွေနေ့မှာ သပြေ၉ညွန့် လှူပါ။



တနင်္လာ

အတွေးတွေများနေမည်။ ကိုယ်ရေးထက် သူများအရေးက ပို၍ ပူစရာဖြစ်နေမည်။ ကတိ၁ခု လွယ်လွယ်မပေးနှင့်။ လူယုံမထားနှင့်။ ငယ်ရွယ်သူ တော်လှန်တတ်သည်။ စပ်တူရှယ်ယာ မလုပ်နှင့်။ ငွေကြေးကိစ္စရှုပ်သည်။ ပစ္စည်းပျောက်တတ်၍ ဆင်ခြင်ပါ။ အနောက်တောင်အရပ် ခရီးရှောင်ပါ။ ငွေစုလိုက်ရမည်။ လုပ်ငန်းကိစ္စ အဆင်ပြေမည်။ အထက်လူကြီး စောင့်ရှောက်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးလုံးဝ ကောင်းသည်။

အကျိုးပေးဂဏန်း ၃၊၆၊၉

အထူးဟော အားလုံးအဆင်ပြေပါသည်။

ယတြာ ငါး၁၀ကောင်ကို အရှေ့ရပ်ရှိ ရေကန်၊ မြစ်တို့တွင်လွှတ်ပါ။

အင်္ဂါ

ငါးမြင်းငါးစိုင်း စစ်ကိုင်းရောက်ရောက် ငါ့လှေငါ့ထိုး ပဲခူးရောက်ရောက် လုပ်တော့မည်။ လွတ်လပ်စွာ ဆောင်ရွက်မည်ဟု ဆုံးဖြစ်ချက်ချသော ရက်တွေဖြစ်ပါသည်။ သင်လုပ်သမျှတွေ အဆင်ပြေသော အချိန် ဖြစ်ပါသည်။ ကြိုးစားပါ။ မုချအောင်မြင်မည်။ အချစ်ရေးကတော့ ၁ယောက်မက တွေ့မည်။ ချစ်သူ၁ယောက်က ငြိုငြင်မှု၊ အကြပ်ကိုင်၊ အကြမ်းဖက်မှု ဖြစ်လိမ့်မည်။ ဆန္ဒမစောပါနှင့်။ မကြောက်ပါနှင့်။ အတိုက်အခံတွေ ကြုံမည်။ ကျော်နိုင်ပါသည်။ ဒီတစ်ပတ်မှာ ကံကောင်းမည်။ ငွေလည်းရမည်။ အလုပ်လည်း အဆင်ပြေမည်။ အကြီးကဲရဲ့ ကူညီမှု လည်းရမည်။ အချစ်ဟောင်းနှင့် ပြန်ဆက်လိမ့်မည်။

အကျိုးပေးဂဏန်း ၁၊၅၊၎

အထူးဟော အောင်မြင်မည်။ ကြိုစားပါ။

ယတြာ အိမ်ဘုရားကို အင်္ဂါနံနက်တွင် ထောပတ်ဆွမ်းကပ်လှူပါ။

ဗုဒ္ဓဟူး

ဘာလုပ်လုပ် အောင်မြင်မည်။ ရဲရင့်စွာ လုပ်ပါ။ အခက်အခဲ တစ်ခုတော့ ကြုံမည်။ အဆင်ပြေသွားမည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်၍ ဆင်ခြင်ပါ။ အလုပ်ကိစ္စ အောင်မြင်မည်။ ရာထူးတတ်မည်။ လက်ထပ်ဖြစ်မည်။ ခရီးဝေးထွက်ဖြစ်မည်။ လူခင်ချင်း အထင်လွဲစိတ်ဝမ်းကွဲမည်။ ပြန်ပြေလည်မည်။ သိန်းထီပေါက်မည်။ ထိုးဖြစ်အောင် ထိုးပါ။ စပ်တူရှယ်ယာ အကျိုးပေးပါသည်။ စက်၊ မြေ၊ ကားတို့ ဝင်ထွက်မည်။ ပညာရေးအောင်မြင်မည်။ ခြေ၊ လက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၄၊၉၊၆

အထူးဟော အောင်မြင်မည်။

ယတြာ ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရေသက်စေ့ ရေသပ္ပယ်ပါ။

ကြာသပတေး

သင်၏ ပွင့်လင်းမှု၊ ပြတ်သားမှု ကြောင့် အပေါင်းအသင်းနှင့် စိတ်ဝမ်းကွဲမည်။ ရစရာငွေတို့ မရတတ်သေးပါ။ အလုပ်အကိုင်အသစ်လုပ်ရမည်။ အောင်မြင်မည်။ ခရီးဝေးတွေရောက်မည်။ အဝေးမိတ်ဆွေ က ကူညီမည်။ မင်္ဂလာရက်ရွှေ့ ရတတ်တယ်။ စကားပြောဆင်ခြင်ပါ။ စကားများမည်။ စက် ၊ ကား ၊မြေ ဝင်၊ထွက်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အထူးကောင်းမည်။ ပြောင်းရွှေ့ရမည်။

အကျိုးပေးဂဏန်း ၅၊၉၊ဝ

အထူးဟော အောင်မြင်မည်။

ယတြာ အိမ်ဘုရားကို အုန်းသီးမုန့် ၅ ခုကပ်ပါ။

သောကြာ

စွန့်စားမှု့ စူးစမ်းမှု့ စမ်းသပ်မှု့ တွေ ပြုဖြစ်မည်။ အောင်မြင်မည်။ တိုးတက်မှု့ရှိမည်။ အချစ်ရေး မှာ ရည်ရွယ်သူ မယူဖြစ်ပဲ မရည်ရွယ်သူကို ယူဖြစ်တတ်သည်။ အလုပ်အကိုင်ရမည်။ လုပ်နေသော အလုပ်ရာထူးတက်ပြောင်းရမည်။ ကျန်းမာရေး ချူချာမည်။ အကြီးအကဲ တို့၏ အကောင်းမထင် ငြိုင်ြမှု့ခံရမည်။ ခြေ ၊ လက် တို့ နာကျင်မည်။ ခရီးဝေးယာယီ များမည်။ စိတ်တိုင်းမကျ မှု့တွေ ဖြစ်မည်။ တယူဿန် ၊ တဇွတ်ထိုး မလုပ်သင့်ပါ။ အပေါင်းအသင်းမှား တတ်သည်။ အအိုတွေ ရှောင်ပါ။ မှားတတ်သည်။

အကျိုးပေးဂဏန်း ၁၊၉၊၆

အထူးဟော ဆင်ခြင်ပါမှ ကောင်းမည်။

ယတြာ သောကြာနေ့နံနက်တွင် အိမ်ဘုရားကို ဆွမ်းကပ်ပါ။

စနေ

အတွေးများနေမည်။ တွေးခေါင်ပူပန်မှု့ တွေ ကြုံမည်။ သို့သော် အားလုံးအဆင်ပြေမည်။ ကြိုးစားမှု့ တိုင်း အောင်မြင်မှု့ ရမည်။ ငွေဝင်မည်။ ရွှေ ၊ စက် ဝင်မည်။ ခရီးဝေးတွေ ရောက်မည်။ လမ်းခရီးအန္တရာယ် မရှိပါ။ ကျန်းမာရေး ပြန်ကောင်းလာမည်။ လုပ်ငန်းတွေအောင်မြင်မည်။ ကိုယ်ပိုင် အလုပ်အောင်မြင်မည်။ ဝန်ထမ်းအလုပ် ရာထူးတက်မည်။ နေရာပြောင်းရွှေ့ ဖြစ်မည်။ မိဘ သဘောတူသော သူကို ယူဖြစ်မည်။ မင်္ဂလာပွဲ ဖြစ်မည်။ အိမ်ထောင်ရှိသော သူတို့ထပ်မံ အချစ်တွေ့မည်။ ဖောက်ပြန်မှု့တွေ ဖြစ်မည်။ ထီပေါက်မည်။ ထီထိုးပါ။ ၂ ၊ ၄ ၊ ၈ ဂဏန်းကို ထိပ်ထားပြီး ထိုးပါ။

အကျိုးပေးဂဏန်း ၄၊၂၊၈

အထူးဟော အခက်အခဲတွေ ကျော်လွှား အောင်မြင်မည်။

ယတြာ စနေနေ့ နံနက်တွင် ငှက်ကလေး ၊ ငါးကလေးများကို အစာကျွေးပါ။

Myit Ma Kha Media Group.

0 comments:

Post a Comment