Sunday, November 3, 2013

ဆရာ၏စေခိုင်းမှုကြောင့် ၁ဝနှစ်အရွယ်ကျောင်းသား တိုက်ပေါ်မှ ခုန်ချသေဆုံး

Photo: ဆရာ၏စေခိုင်းမှုကြောင့် ၁ဝနှစ်အရွယ်ကျောင်းသား တိုက်ပေါ်မှ ခုန်ချသေဆုံး

ပေကျင်း၊ နိုင်ဝင်ဘာ ၁ ၊ Ref-AFP

အသက် ၁၀ နှစ်အရွယ် မူလတန်းကျောင်းသားကလေး ငယ်တစ်ဦးသည် ဆရာမှာကြား သော အိမ်စာရေးရန် ပျက်ကွက် ခဲ့ပြီးနောက် အထပ် ၃၀ မြင့်သော ကျောင်းခန်းမှ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သည်။တရုတ်နိုင်ငံတွင် ဖြစ်ပွား ခဲ့သော အဆိုပါကြေကွဲဖွယ်ဖြစ်စဉ်မှာ ကျောင်းဆရာသည် ပဉ္စမတန်း တွင်တက်ရောက်နေသော ကျောင်းသားတစ်ဦးကို အတန်း ရှေ့ထွက်ပြောရန်အတွက် တောင်း ပန်းစကားပြောကြားပုံစာကြောင်း တစ်ထောင်ရေးခဲ့ရန် အိမ်စာပေး သည်။ ကျောင်းသားငယ်သည် အိမ်စာရေးခဲ့ရန်ပျက်ကွက်ခဲ့ပြီး နောက် အထပ် ၃ဝအမြင့်တွင်ရှိ သော ကျောင်းခန်းမှ ခုန်ချခဲ့သည်။

ကျောင်းသားကလေးသည် တိုက် အောက်တွင် ပါကင်ထိုးထားသော ကားအမိုးပေါ်ကျကာ သေဆုံး သွားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ဆက်လက်စုံစမ်း စစ်ဆေးလျက် ရှိပြီး သေဆုံးသွားသော ကလေး ငယ်တက်ရောက်သောကျောင်း က အဆိုပါကလေးငယ်နှင့် အတန်း ဖော်တချို့သည် အတန်းထဲတွင် စကားပြောပြိုင်ပွဲကျင်းပနေချိန် အနှောင့်အယှက်ပြုခဲ့ခြင်းကြောင့် ဆရာက ၎င်းတို့၏အမူအကျင့် များကို ပြန်လည်သုံးသပ်ရေးသား ရန် အိမ်စာပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏သေဆုံးမှုမှာ မ တော်တဆမှုသာဖြစ်သည်ဟုဆို သည်။

ပေကျင်း၊ နိုင်ဝင်ဘာ ၁ ၊ Ref-AFP

အသက် ၁၀ နှစ်အရွယ် မူလတန်းကျောင်းသားကလေး ငယ်တစ်ဦးသည် ဆရာမှာကြား သော အိမ်စာရေး ရန် ပျက်ကွက် ခဲ့ပြီးနောက် အထပ် ၃၀ မြင့်သော ကျောင်းခန်းမှ ခုန်ချသေဆုံးမှု ဖြစ်ပွား ခဲ့သည်။
တရုတ်နိုင်ငံတွင် ဖြစ်ပွား ခဲ့သော အဆိုပါကြေကွဲဖွယ်ဖြစ်စဉ်မှာ ကျောင်းဆရာသည် ပဉ္စမတန်း တွင်တက်ရောက်နေသော ကျောင်းသားတစ်ဦးကို အတန်း ရှေ့ထွက်ပြောရန်အတွက် တောင်း ပန်းစကားပြောကြားပုံစာကြောင်း တစ်ထောင်ရေးခဲ့ရန် အိမ်စာပေး သည်။ ကျောင်းသားငယ်သည် အိမ်စာရေးခဲ့ရန်ပျက်ကွက်ခဲ့ပြီး နောက် အထပ် ၃ဝအမြင့်တွင်ရှိ သော ကျောင်းခန်းမှ ခုန်ချခဲ့သည်။

ကျောင်းသားကလေးသည် တိုက် အောက်တွင် ပါကင်ထိုးထားသော ကားအမိုးပေါ်ကျကာ သေဆုံး သွားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ဆက်လက်စုံစမ်း စစ်ဆေးလျက် ရှိပြီး သေဆုံးသွားသော ကလေး ငယ်တက်ရောက်သောကျောင်း က အဆိုပါကလေးငယ်နှင့် အတန်း ဖော်တချို့သည် အတန်းထဲတွင် စကားပြောပြိုင်ပွဲကျင်းပနေချိန် အနှောင့်အယှက်ပြုခဲ့ခြင်းကြောင့် ဆရာက ၎င်းတို့၏အမူအကျင့် များကို ပြန်လည်သုံးသပ်ရေးသား ရန် အိမ်စာပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏သေဆုံးမှုမှာ မ တော်တဆ မှုသာဖြစ်သည်ဟုဆို သည်။

Yangon Media Group

0 comments:

Post a Comment