Tuesday, November 19, 2013

အသက် ၂၃ နှစ်အရွယ် မိန်းမပျိုလေးတစ်ယောက် ကော်ဖီသောက်ပြီး ရေခပ်သောက်စဉ် ရုတ်တရက် သေဆုံးသွား

 
ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာတွင် အမျိုးသမီးတစ်ဦး ရေသောက်နေစဉ် ရုတ်တရက် လဲကျ သွားသဖြင့် ကျောက်တန်းဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးမှုတစ်ခု နိုဝင်ဘာ ၁၇ရက် မွန်းလွဲပိုင်းကဖြစ် ပွားခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပထမဆုံးသူမှာ မသန်းသန်းလင်း(၂၃)နှစ်အရွယ်ရှိ အထည်ချုပ်သမဖြစ်ပြီး ၁၂နာရီ ၁၅မိနစ် အချိန်တွင် တစ်လမ်းတည်းနေ အဒေါ်ဖြစ်သူ ဒေါ်ပိုမာ၏ နေအိမ်တွင် ထမင်းစားပြီးခဏအကြာ အိမ်အနီးရှိဈေးဆိုင်မှ ကော်ဖီမစ်တစ် ထုပ်ဝယ်ယူသောက်ခဲ့ပြီးနောက် ခြေရင်းဘက်နေ ဦးမြင့်စိန်အိမ် ထံမှ ရေတစ်ခွက် သောက်နေ စဉ် ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။
“သူ့မှာက နှလုံးရောဂါအခံကရှိတယ်ဗျ။ အရင်ကလည်း ဒီလိုမူးလဲလို့ ဆေးရုံဆေးခန်းရောက် ဖူးတယ်လို့ ကျွန်တော်တို့သိရတယ်။ အခုလည်း အဲဒီလိုဖြစ်တာ ရေတောင် မသောက်လိုက် ရပါဘူး။ ကျွန်တော်တို့ ဆေးရုံမှာ ဆရာဝန်ရဲ့စစ်ဆေးချက်က လည်း အသဲက သာမန်ထက်ပိုကြီးနေ တယ်လို့ အတည်ပြုတယ်”ဟု ဒုရဲအုပ်ဝင်းမြင့်ထွန်းက ပြောကြားသည်။
အလောင်းအား ဆေးရုံမှ လက်ခံထားရှိ၍ လက်ဦး စစ်ဆေးတွေ့ရှိချက် အရ နှလုံးကြီး နေ သည်ကို တွေ့ရှိရပြီး၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင် ရန် ကျောက်တန်းမြို့မ ရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၂၆/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
 

ရေးသားသူ - ဝေဖြိုး
တည်းဖြတ်-နီတိုး
By People Power

0 comments:

Post a Comment