လျှပ်စစ်မီးကြိုးဆိုင်းများကို စည်ပင်သာယာဌာနပိုင် အမှိုက်သိမ်းကားက
ဝင်တိုက်မိရာမှတစ်ဆင့် မြေပြင် ရှိ ဆက်သွယ်ရေးကြိုးများပေါ်သို့ ပြုတ်ကျကာ
မီးလောင်ကျွမ်းမှုဖြစ်ပြီး ဆက်သွယ်ရေးပစ္စည်း ကျပ်သိန်း ပေါင်း ငါးရာကျော်
ပျက်စီးဆုံးရှုံးသွားသောကြောင့် ဆက်သွယ်ရေးတာဝန်ခံက စည်ပင်အမှိုက်သိမ်းကား
မောင်းသူကို အမှုဖွင့် တိုင်ကြားထားသည်ဟု စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ် ဦးက ပြောသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ည ၈ နာရီ မိနစ် ၂၀ အချိန်ခန့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့် မြို့၊ အမှတ်(၂) စည်ပင်ဈေး အနောက်ဘက်ရှိ လျှပ်စစ်မီးကြိုးဆိုင်းများကို စည်ပင်သာယာ အမှိုက်သိမ်းကား ယာဉ်အမှတ် ၅ဌ/ ၅၉၁၆ အမှိုက်သိမ်းယာဉ်က ၀င်တိုက်မိရာတွင် ၃၃ ကေဗီ လျှပ်ဓာတ်အားလိုင်း ကြိုးသည် ဆက်သွယ်ရေးဌာနပိုင် Drop Wire များအပေါ်သို့ ပြုတ်ကျခဲ့သည့်အတွက် ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် တယ်လီဖုန်းလိုင်းများထိန်းချုပ်
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်ရေးတာဝန်ခံ ဦးအေးကျော်က စည်ပင်သာယာ အမှိုက်သိမ်းကား မောင်းနှင်သူ ဦးမြင့်ကျော်ကို ဥပဒေအရ အရေးယူပေးရန် ထီးချိုင့်မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားသည်။
အဆိုပါဖြစ်စဉ်အား ထီးချိုင့်မြို့နယ် မြို့မရဲစခန်းက (ပ) ၄၅၇/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်း ကာကွယ်ထိန်း သိမ်းရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုအား လက်ခံပြီး စည်ပင်သာယာ အမှိုက်သိမ်းကား မောင်းနှင်သူ ဦး မြင့်ကျော်ကို ဒု-ရဲမှူးစောမောင်က ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Mizzima - News in Burmese
0 comments:
Post a Comment