Monday, November 11, 2013

ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေမည့်ဥပဒေများပြဋ္ဌာန်းအုပ်ချုပ်ရ သည့်ခေတ်၊စနစ်ဖြစ်သည့်အတွက်ပြည်သူ့လိုအပ်ချက်များ ဖြည့်ဆည်း ပေးရန်ပြည်သူ့အသံကြားသိလိုကြောင်းသူရဦးရွှေမန်းပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူများ၏ ဆန္ဒသဘောထားများအတိုင်းပြည်သူ့ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သည့်စနစ်ဖြစ်သည့်အတွက် အုပ်ချုပ်ရာတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်း အုပ်ချုပ်ရ မည်ဖြစ် ကြောင်း၊ ပြည်သူများ၏အကျိုးစီးပွားများဖြစ်ထွန်းစေမည့် ဥပဒေများပြဋ္ဌာန်းနိုင်ရန် လွှတ်တော်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ အားလုံးတွင်တာဝန်ရှိကြောင်း၊ ဥပဒေများပြဋ္ဌာန်းနိုင်ရန် ပြည်သူတို့၏ ဆန္ဒသဘောထားအမြင်များကို လွှတ်တော်ကသိရှိရန်လို အပ်ကြောင်း ယနေ့မွန်းလွဲပိုင်း၌ မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယကက ဆက်လက်၍ ပြဋ္ဌာန်းပြီးသည့်တည်ဆဲဥပဒေများကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်/ပယ်ဖျက်/အစားထိုး/အသစ်ပြဋ္ဌာန်းစရာရှိသည်များကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လွှတ်တော်က တာဝန်ယူဆောင်ရွက်လျက်ရှိနေကြောင်း၊ လွှတ်တော်တွင် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲလျက်ရှိကြောင်း၊ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကိုလည်း ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့်ဥပဒေများကို ပြည်သူအားလုံး လိုက်နာပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူတို့၏အခွင့်အရေးကို အပြည့်အဝကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း။

လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမည့်အခြေအနေများကြောင့် ပြည်သူတို့ကြားတွင် မကျေမနပ်အသံ များကြားရသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက
ပြန်လည်သုံးသပ်တင်ပြနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတစ်ဝန်း
တွင် ဖြစ်ပေါ်ခဲ့သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုများတွင် မတရားသိမ်းဆည်းမှုများမဖြစ်ပေါ်စေရန်လွှတ်တော်ကပါဝင်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှု ထိခိုက်မှုမရှိစေရန်အတွက်လည်း လွှတ်တော်ကပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊ လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသည့်အလျောက် လွှတ်တော်၏ရည်ရွယ်ချက်များအတိုင်း ဖော်ဆောင်နိုင်ရန် ပြည်သူတို့၏အသံများ၊ ပြည်သူတို့၏ သဘောထားဆန္ဒများကို မှန်မှန်နှင့်မြန်မြန် လွှတ်တော်သို့ရောက်ရှိတင်ပြရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်သူတို့၏အသံများကို ကြားသိ လိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသောဒေသခံပြည်သူများက လိုအပ်ချက်များ ကိုတင်ပြဆွေးနွေးကြရာပြည်ထောင်စုလွှတ်တော်နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်အမှာစကားပြောကြားကာတွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းပြီး ဒေသခံပြည်သူများအားခင်မင် ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

The Union Daily

0 comments:

Post a Comment