
ဆီးဂိမ်း လုံခြုံရေး အတွက် ခြွင်း ချက်မရှိ အာမခံကြောင်း အားကစား
ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးသောင်း ထိုက်က ပြောသည်။ ”ထုတ်ဖော်ပြောဖို့
ခက်ပါ တယ်။ ပြောနိုင်တာက လုံခြုံရေး အ တွက် အာမခံပါတယ်။ တစ်စုံတစ်ရာ
ဘာမှမဖြစ်နိုင်ပါဘူး”ဟု ၄င်းက ပြောသည်။
လုံခြုံရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် အသေးစိတ် အနေအထား မှစ၍
ဆောင်ရွက်ထားပြီး အကြောင်း အရာတစ်ခုကြောင့် အရေးပေါ် အခြေအနေမျိုး ဖြစ်ပေါ်
လာခဲ့ပါ ကလည်း ပထမ လုံခြုံရေး၊ ဒုတိယ လုံခြုံရေး စသည့် အဆင့်ဆင့် ဆောင်
ရွက်ထားကြောင်း သိရသည်။
”လုံခြုံရေး အခြေအနေကို ကြောက်ပြီး လာမပြိုင်တဲ့ ကစားနည်း တွေ၊
ကစားသမားတွေကတော့ သူ့ အပိုင်းပေါ့။ ကျွန်တော်တို့ ဘက်က ဆီးဂိမ်းကို
လာပြိုင်မယ့် လူစာ ရင်း တွေ အကုန် ရထားပြီးပါပြီ။ အသင့် အနေအထား
ရှိနေပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ယင်းအပြင် ပြိုင်ပွဲ ကျင်းပရာ တွင် ပြဿနာ အနည်းငယ်ရှိနိုင်သည့် မြန်မာ-
မလေးရှား အမျိုးသားဘော လုံး ပွဲစဉ်ကိုလည်း အုပ်စု အတွင်း ထိပ်
တိုက်တွေ့ဆုံမှု မရှိစေ ရန် မဲခွဲရာတွင် သီးခြား ထားရှိ၍ ခွဲခြားသွား
မည်ဖြစ် ပြီး ယခုလ ၆ ရက်နေ့တွင် မဲခွဲမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ စတင်ရာ တွင်လည်း မြန်မာ အသင်း ပါဝင်သည့် အုပ်စုကို ရန်ကုန်တွင်
ယှဉ်ပြိုင်စေပြီး မလေးရှား အသင်း ပါဝင်သည့် အုပ်စုကို နေပြည်တော်တွင် ယှဉ်
ပြိုင်ေ စမည်ဖြစ်သည်။ ရှုံးထွက် အဆင့်၌ တွေ့ဆုံမှု ရှိပါက နေပြည်တော် တွင်
လုံခြုံရေး အပြည့် ယူ၍ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အာဆီ ယံဒေသတွင်း
နိုင်ငံများမှ ကစား သမား ငါးထောင်ကျော် လာရောက် ယှဉ်ပြိုင် ကစားကြမည်ဟု
အားကစား ဝန်ကြီး ဌာနမှ သိရသည်။
PN052
0 comments:
Post a Comment