
ခွေးချစ်သူ တစ်ဦးအနေဖြင့် မိမိ၏ခွေးကို သွားလေရာနေရာ ခေါ်ဆောင် သွားနိုင်မည်
ဖြစ်သော် လည်း ဘောလုံးကွင်းထဲထိ မခေါ်သင့်ကြောင်း ပက်ဘလို အယ်လ်ဗရာဒို
အနေဖြင့် ကောင်းစွာ သဘောပေါက် သွားပြီ ဖြစ်သည်။ တနင်္ဂနွေနေ့က ဆန်လော်ရန်ဇို
အသင်းခေါင်းဆောင်သည် ပွဲမကစားမီ ဒိုင်၏ အဝါကတ်ပြ သတိပေးမှုကို ကြုံခဲ့ရသည်။
ဒိုင်က ပွဲစတင်ရန် အချိန်ဆွဲ နှောင့်နှေးသည်ဆိုသော အကြောင်း ပြချက်ဖြင့်
အယ်လ်ဗရာဒိုကို အဝါကတ်ပြ သတိပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကြုံနေကျ အချိန်ဆွဲမှုမျိုး မဟုတ်ဘဲ အယ်လ်ဗရာဒို၏ခွေးက
ကွင်းထဲထိ လိုက်လာသဖြင့် ၎င်းကို ခေါ်ဆောင်ကာ ကွင်းပြင်သို့
ပြန်ပို့ဆောင်ခဲ့ခြင်းကြောင့် အချိန်ကြန့်ကြာသည်ဟု ဒိုင်က ဆုံးဖြတ်ခဲ့
ခြင်း ဖြစ်သည်။ ဆန်လော်ရန်ဇို အသင်းအတွက် လာဘ်ကောင်အဖြစ် အယ်လ်ဗရာဒိုက
မိမိ၏ ခွေးလေး သာ အသင့်တော်ဆုံးဟု ယူဆခဲ့ဟန်ရှိသည်။
၎င်းက ဒိုင်ကို စောဒက တက်ခဲ့သေးသော်လည်း ဒိုင်လူကြီးကမူ မိမိ၏ ရွေးချယ်မှုကို
အခိုင်အမာ ရပ်တည် ပြီး အသက်(၂၇)နှစ်ရှိ ကစားသမားကို အဝါကတ်ပြ
သတိပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အယ်လ်ဗရာဒို အနေဖြင့် တစ်ပွဲလုံး
နောက်တစ်ဝါမထိအောင် ထိန်းထိန်းသိမ်းသိမ်း ကစားသွားခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ ကျေနပ်စရာ အခြေအနေ တစ်ခုမှာ အယ်လ်ဗရာဒို ဦးဆောင်သည့်
ဆန်လော်ရန်ဇို အသင်းသည် ယခု ပွဲစဉ်တွင် (၁-၀)ဖြင့်
အနိုင်ရရှိခဲ့ခြင်းဟုလည်း သိရှိရသည်။
By Planet
0 comments:
Post a Comment