Monday, November 18, 2013

သင်ဆေးလိပ်ဖြတ်ဖို့ စဉ်းစားနေရင် ဒါကို မဖြစ်မနေဖတ်ပေးပါ


ချိုအီတဲ့အစားအစာ၊ အသား၊ ကော်ဖီနဲ့ အရက်ယမကာတွေကိုရှောင်ကြဉ်ပါ။ အချိုဓာတ်ပါတဲ့ အစားအစာကိုစားသုံးပြီးတဲ့အခါမှာနောက်ထပ်အချိုဓာတ်ပါတဲ့အစားအစာကိုတောင့်တတတ်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင် အာသာပြေအောင်ဆိုပြီးဆေးလိပ်ကိုအစားထိုးသောက်ကြတာများပါတယ်။ အသားစား သုံးပြီးရင် ဆေးလိပ်သောက်ရတာပိုအရသာရှိတယ်လို့ ဆေးလိပ်သောက်သူအများစု

ကပြောပါတယ်။ ကော်ဖီသောက်ရင်းဆေးလိပ်သောက်ရတာအရသာအရှိဆုံးလို့ ယူဆထားတဲ့
သူတွေလည်းမနည်းပါဘူး။အပေါင်းအသင်းတွေနဲ့ အရက်သောက်တဲ့အချိန်တွေမှာလဲဆေးလိပ်က
မပါမဖြစ်ပါဝင်နေတတ်ပါတယ်။ ဒီတော့ ဆေးလိပ်အတွက် ပိုပြီးအာသာပြေစေတဲ့ အစားအသောက်များကို တတ်နိုင် သမျှလျှော့ချပါ။ဒါမှမဟုတ်လည်းဆေးလိပ်သောက်သုံးချင်စိတ်
လျော့နည်းစေတဲ့ အစားအသောက်တွေကိုစားသုံးပါ။
ပန်းသီး

တစ်နေ့ ကိုပန်းသီး ၂လုံး၊၃လုံးလောက်စားပါ။ ပန်းသီးမှာသွေး အဆိပ်သင့်မှုတွေကိုလျှော့ ချပေးနိုင် တဲ့ ဒြပ်တစ်မျိုးပါဝင်ပါတယ်။ အထူးသဖြင့် ဆေး လိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ သွေး အဆိပ် သင့်မှုတွေကိုလျှော့ ချပေးနိုင်ပါတယ်။ ဆေးလိပ်သောင်ချင် စိတ်ပြင်းပြနေတဲ့ အချိန်မှာပန်းသီး တစ်လုံးကို သာစားလိုက်ပါ။ ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။



ချင်း နှင့် ကြက်သွန်ဖြူ

ချင်းက အပူစာတစ်မျိုးဖြစ်ပါတယ်။ ချင်းကြောင့် ကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တောက်တွေ ကို ချွေးအဖြစ် ပြောင်းလဲပေးစေနိုင်ပါတယ်။ ကြက်သွန်ဖြူကတော့ ဆေးလိပ်ဖြတ် ထားတဲ့သူတွေ အတွက် သွေးပေါင် ချိန်ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။



နွားနို့ နှင့် အခြားနို့ ထွက်ပစ္စည်းများ

နွားနို့ တစ်ခွက်သောက်ပြီးဆေးလိပ်သောက်ရင် ခါးသက်သက်အရသာမျိုးဖြစ်စေနိုင် လို့  ဆေးလိပ်သောက်တဲ့သူအများစုကတော့ နွားနို့
့သောက် ရင်းဆေးလိပ်သောက်တာကို မနှစ်သက်ကြပါဘူး။ ဒီတော့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာရင် ဟော်လစ် ဒါမှမဟုတ် နွားနို့ သောက်လိုက်ပါ။ ကျန်းမာရေးနဲ့ လည်းညီညွတ်ပါတယ်။

အသီးအရွက်များ

ဟင်းသီးဟင်းရွက်များများစားသုံးခြင်းကဆေးလိပ်သောက်ချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။

နောက်တစ်နည်းအရနီကိုတင်းဓာတ်တွေကိုလျှော့ချပေးနိုင်ပါတယ်။



ဆား

ထူးဆန်းပြီး လုပ်လေ့လုပ်ထမရှိကြပါဘူး။ ဒါပေမယ့် တကယ်အသုံးဝင်ပါ တယ်။ ဆေးလိပ်သောက် ချင်စိတ်ဖြစ်လာရင် ဆားကိုလက်တစ်ဖဝါးစာ ပါးပါးလေးထည့်ပြီး လျှက်လိုက်ပါ။ ဆေးလိုက်သောက်ချင် စိတ်ကိုခဏတာလုံးဝဖျောက်ပေးနိုင်ပါတယ်။


By Trend Myanamr

0 comments:

Post a Comment