Thursday, November 7, 2013

ရဲယောင်ဆောင်ပြီး ရွှေထည်ပစ္စည်း လိမ်လည်မှု မြို့နယ်နှစ်ခုတွင် ဖြစ်ပွား

အောက်တိုဘာ ၂၇ ရက်က ဒဂုံမြောက်ပိုင်းမြို့နယ်နေ ကို.....သည် ပြည်လမ်း၊ မဟာမြိုင် ကားမှတ်တိုင်တွင် ကားစောင့်စဉ် အသက်(၃၀)ခန့်ရှိ လူတစ်ဦး ရောက်လာပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း၊ ၎င်းလိုက်နေသည့် ၀ရမ်းပြေးတစ်ဦးနှင့် တူကြောင်း၊ မြေနီကုန်းတွင် ရဲများစောင့်နေ၍ ယင်းဘက်သို့ သွားပါက အဖမ်းခံရမည် ဖြစ်ကြောင်း၊ ၎င်းလိုက်ပို့ပေးမည်ဟုဆိုကာ ဟံသာဝတီမှတ်တိုင်မှ ဦးဝိစာရလမ်းဘက်သို့ ခေါ်သွားပြီး ကို..... ၀တ်ဆင်ထားသော ကျပ်လေးသိန်းခန့် တန်ဖိုးရှိ ဆွဲကြိုးအား ဒီနားတွင် လုယက်တတ်၍ ချွတ်ထားရန် ပြောသဖြင့် တစ်ထောင်ကျပ်တန်နှင့် ထုပ်၍ ကို....၏ ကျောပိုးအိတ်ထဲသို့ ထည့်ပေးခဲ့ကြောင်း၊ ကို....အား အိမ်သို့ပြန်ရန် ကားပေါ်တင်ပေးခဲ့ပြီး ကို....က တစ်ထောင်တန်ဖြင့် ထုပ်ထားသော ကျောက်စရစ်ခဲသာ တွေ့ရ၍ တိုင်ကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက်တွင် တာမွေမြို့နယ်နေ မောင်.....သည် တာမွေဗလီ မှတ်တိုင်အနီး၌ အသက်(၄၀)ခန့် အမျိုးသားတစ်ဦးက ၎င်းသည် ခရိုင် ဒ/နမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း၊ မောင်....နှင့် တူသော သူအား လိုက်ရှာနေခြင်း ဖြစ်ပြီး ရဲစခန်းသို့ လိုက်ရန်ခေါ်သဖြင့် လိုက်သွားခဲ့ကြောင်း၊ ဗန်ဒါပင် မှတ်တိုင်အရောက်၌ အဆိုပါ အမျိုးသားက မောင်.....၀တ်ဆင်ထားသော ငွေကျပ် ၃၉၄၀၀၀ တန်ဖိုးရှိ ရွှေဆွဲကြိုးနှင့် လက်စွပ်တို့ကို ချွတ်သိမ်းထားရန် ပြော၍ ချွတ်ပေးခဲ့ပြီး အမျိုးသားက စီးကရက်ဘူးတစ်ခုအတွင်း ထည့်ပေးကာ ပြန်ပေးခဲ့ကြောင်း၊ အမျိုးသားက လိုက်ရှာနေသူများ ထပ်ရှိ၍ မောင်......အား ပြန်ရန်ပြော၍ မောင်.....မှာ ဗန်ဒါပင် မှတ်တိုင်မှ ကားစီး၍ ပြန်လာပြီး စီးကရက်ဘူးအား ဖွင့်ကြည့်ရာ ကျောက်စရစ်ခဲသာ တွေ့ရ၍ တိုင်ကြားခဲ့သည်။

EMG

0 comments:

Post a Comment