Tuesday, November 26, 2013

သားအိမ်ခေါင်း ကင်ဆာကာ ကွယ်ဆေး အကြောင်း

သားအိမ်ခေါင်း ကင်ဆာကာ ကွယ်ဆေး အကြောင်း

ကြော်ငြာ တာတော့ မပာုတ် ဘူးနော်။ အခု တလော အမေး များနေ တာရော၊ အမျိုး သမီးတွေ အနေနဲ့ သိသင့် တယ်ထင် လို့ရော ရေး လိုက်တာ ပါ။ သား အိမ်ခေါင်း ကင်ဆာ (Cervical cancer) ပာာ Human papilloma virus (HPV) ကြောင့် အဓိက ဖြစ်ပွားရပါ တယ်။ HPV ဆိုတဲ့ ရောဂါ ပိုးပာာ လူ့ခန္ဒာ ကိုယ်ကို တော်တော်လေးကို ဒုက္ခ ပေးတဲ့ ရောဂါ ပိုးပါ။ နေရာ အနှံ့မှာ ရောဂါ ဖြစ်စေ နိုင်ပါ တယ်။ ဒါပေမယ့် ဒီရောဂါ ပိုးကူး စက်ခံ ရတာ တစ်မျိုး တည်းနဲ့ တော့ အဲလောက် ရောဂါ တွေဖြစ် လာတာ တော့မပာုတ် ပါဘူး။ ဒီရောဂါ ပိုးလည်း ကူးစက် ခံထား ရမယ်၊ တခြား ရောဂါ ဖြစ်စေ နိုင်တဲ့ ကိုယ်ခံ အားကို လျော့စေတဲ့ ဓါတ်ရောင် ခြည် သင့်တာ မျိုး၊ ဆေးလိပ် သောက်တာ မျိုးတွေ ရှိလာ ပြီဆိုရင်တော့ ရောဂါ ဖြစ်ဖို့ အခြေ အနေ ပိုများ လာပါပြီ။

အမှန် တော့ HPV ကြောင့် ဖြစ်တဲ့ ရောဂါ အများ အပြား ရှိတဲ့ အတွက် အဲဒါ တွေအကုန်လုံး ကိုလိုက် ရေးမယ် ဆိုရင် အရမ်းရှည် သွားနိုင် ပါတယ်။ အဲဒါ ကြောင့် ဒီ ခေါင်းစဉ် ရဲ့အဓိက ရည်ရွယ် ချက်ဖြစ်တဲ့ ကာကွယ် ဆေးအကြောင်း ကိုပဲ တင်ပြ ပါ့မယ်။ HPV ကြောင့် ဖြစ်တဲ့ ရောဂါ တွေထဲ မှာမှ အသိ များတာ ကတော့ အမျိုး သမီး တွေမှာ ဖြစ်တဲ့ သားအိမ် ခေါင်းကင်ဆာ နဲ့ လိင်အင်္ဂါ ကြွက်နို့ (Genital warts) တို့ ဖြစ်ပါတယ်။ ( သား အိမ်ခေါင်း ကင်ဆာ ရောဂါ အကြောင်း နဲ့ပတ်သက် ပြီးတော့ ပို့စ်တစ် ခုရေးပေး ပါ့မယ်။ ဒီ နေရာ မှာတော့ အရမ်း ရှည်နေ မှာစိုးတဲ့ အတွက် ထားခဲ့ ပါ့မယ်။)

HPV ဆိုတဲ့ ဗိုင်းရပ်စ် မှာ အမျိုး အစားပေါင်း မြောက်များ စွာရှိ ပါတယ်။ အဲဒီ ထဲကမှ သားအိမ် ခေါင်းကင်ဆာ ကိုဖြစ်စေ တဲ့အမျိုး အစား ကတော့ 16 and 18 ဖြစ်ပြီး လိင်အင်္ဂါ ကြွက်နို့ တွေဖြစ် တာကတော့ 6 and 11 တို့ ဖြစ် ပါတယ်။ သား အိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ကျနော် ဖတ်ဖူး တာကတော့ ၂ မျိုးရှိ ပါတယ်။ Gardasil နဲ့ Cervarix ဆိုတဲ့ အမျိုး အစား တွေပါ။ Cevarix ဆိုတဲ့ ဆေးကတော့ HPV 16 and 18 ကိုပဲ ကာကွယ် တဲ့အတွက် သား အိမ်ခေါင်း ကင်ဆာ ကိုသာ ကာကွယ် နိုင်ပါတယ်။ Gardasil အမျိုး အစား ကတော့ အဲဒီ ၄ မျိုးလုံးကို ကာကွယ် ပေးနိုင်တယ် လို့ဆို ပါတယ်။
တစ်ခု ရှိတာ ကတော့ ဒီ ကာကွယ် ဆေးတွေ အကာ အကွယ် ပေးတာ က ဒီ ၄ မျိုးပဲ ရှိတာမို့ တခြား HPV အမျိုး အစား တွေက နေလည်း ရောဂါ ဖြစ်နိုင် ပါသေးတယ်။ ဒါပေမယ့် လည်း ဒီ အမျိုး အစား ၄ မျိုး ထက်စာ ရင်တော့ အတော် လေးကို နည်းပါတယ်။ ဘယ် ကာကွယ်ဆေး ကမှတော့ လုံးဝ အပြည့် အ၀ ရောဂါ မဖြစ် အောင်ကာကွယ် ပေးနိုင် တယ်လို့ မရှိ ပါဘူး။ ဒီ ကာကွယ် ဆေး တွေကို ယောက်ျား တွေမှာလည်း ထိုးနိုင် ပါတယ်။ ယောက်ျား တွေမှာ ထိုးရင်တော့ လိင် အင်္ဂါ ကြွက်နို့ အပြင် HPV ကြောင့်ဖြစ် တဲ့တခြား ကင်ဆာ တွေကို အကာ အကွယ် ပေးပါတယ်။ တစ်ခု သိထား သင့်တာက ဒီဆေး တွေပာာ ကာကွယ် ဆေးသက် သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါ ဖြစ်ပြီး သူတွေမှာ ထိုးရင်တော့ ဘာမှ အကျိုး မထူး နိုင်ပါ။

ဘယ်သူ တွေမှာ ထိုးသင့် သလဲ။
အဓိ ကအ နေနဲ့ ကတော့ အသက် ၉ နှစ်ကနေ ၂၅ နှစ်ကြား မှာရှိတဲ့ အမျိုး သမီး တိုင်းထိုး လို့ရ ပါတယ်။ ဒါပေမယ့် လည်း အမျိုး သမီး အသက် ၄၅ နှစ်ထိ ကာကွယ် ဆေးထိုး လို့ရ ပါတယ်။ အမျိုးသား တွေမှာ ထိုးမယ် ဆိုရင်လည်း ဒီ အသက် လောက်ပါပဲ။

ဘယ်သူ တွေမှာ မထိုး ရဘူးလဲ။
ကာကွယ် ဆေးမှာ ပါတဲ့ အရာ တွေနဲ့ ဓါတ်မ တည့်တဲ့ သူတွေ ထိုးလို့ မရ ပါဘူး။ အထူး သဖြင့် Gardasil ပာာ တစေး (Yeast) ကထုတ် တာဖြစ် တဲ့အတွက် အဲဒါ နဲ့မ တည့်တဲ့ သူတွေ ထိုးလို့ မရ ပါဘူး။
အရမ်း နာမကျန်း ဖြစ်နေ တဲ့သူ တွေ ( လုံးဝ ထိုးလို့ မရတာ တော့ မပာုတ် ပါဘူး၊ နာမ ကျန်းဖြစ် နေချိန မှာမထိုးဘဲ နေကောင်း လာမှ ထိုးလို့ ရပါတယ်။)
ကိုယ်ဝန် ဆောင်တွေ မှာဒီ ဆေးရဲ့ဆိုးကျိုး ဘယ်လို ဖြစ်လာ နိုင်လဲ ဆိုတာကို သေချာ မသိ သေးတဲ့ အတွက် ကိုယ်ဝန် ဆောင်တွေ မှာထိုးဖို့ ကို အားမ ပေးပါဘူး။ ကိုယ်ဝန် မရှိ ချိန်မှာ ထိုးပြီး ကိုယ်ဝန် ဆောင်လို့ ရပါတယ်။ အဲဒီ အတွက် ဆိုးကျိုး မရှိ ပါဘူး။

ဘယ်လောက် ကာကွယ် ပေးနိုင်လဲ။
သား အိမ်ခေါင်း ကင်ဆာ ကို ၇၀ ရာခိုင်နှုန်း၊ လိင် အင်္ဂါ ကြွက်နို့ ကို ၉၀ ရာခိုင်နှုန်း ကာကွယ် ပေးနိုင် ပါတယ်။

ဘယ် နှစ်ကြိမ် ထိုးရမလဲ။ ဘယ်သူ နဲ့ထိုး ရမလဲ။ ဘယ်မှာ သွားထိုး ရမလဲ။
၃ ကြိမ်ထိုး ရပါတယ်။ ပထမ ဆုံး တစ်ကြိမ်၊ ၂ လ အကြာမှာ တစ်ကြိမ်၊ ၆ လ အကြာ မှာ တစ်ကြိမ် ထိုးရ ပါတယ်။ ဘယ် ဆရာဝန် နဲ့မဆို ထိုးလို့ ရပါတယ်။ အသား ဆေးဖြစ်လို့ လက်မောင်း ဒါမှ မပာုတ် တင်ပါး မှာထိုး လို့ရ ပါတယ်။ မိမိ ဘာသာ ဆေးဝယ် ပြီး ဆေးခန်း တစ်ခုခု မှာသွား ထိုးခိုင်း လို့ရ ပါတယ်။ အခု ထိတော့ ဆိုးဆိုး ရွားရွား ဆိုးကျိုး မရှိ သေးပါဘူး။ ဆိုးကျိုး တော်တော် လေး နည်း ပါတယ်။

ဘာကြောင့် ထိုးသင် တာလဲ။
သား အိမ်ခေါင်း ကင်ဆာ ရောဂါ ဆိုတာက အမျိုး သမီး တွေမှာ အဖြစ် အများဆုံး ရောဂါ တစ်မျိုး ဖြစ်နေတဲ့ အတွက်ပါ။ ဒီကင်ဆာ က အဖြစ် များရုံ တင်မက၊ အတော် လေးလည်း ကြောက်စရာ ကောင်းတဲ့ အတွက်ရော၊ ကင်ဆာ တွေထဲမှာ ကာကွယ် ဆေးထိုး ပြီး ကာကွယ် လို့ရ နေတဲ့ ကင်ဆာ ဖြစ်နေ တဲ့အတွက် ကြောင့်လည်း ဒီလို မျိုး ကင်ဆာ အတွက်တော့ အသက် မဆုံးရှုံး စေချင် တဲ့အတွက် ကြောင့်ပါ။ အလုံးစုံ ကာကွယ် မပေး နိုင်ပေမယ့်လည်း ၇၀ ရာခိုင်နှုန်း ဆိုတာ တော်တော် လေးတော့ များတဲ့ပမာဏ ပါ။ ဒါပေမယ့် လည်း ဆေးရဲ့ဈေးနှုန်း အနေ နဲ့ကတော့ အရမ်း ဈေးမ ကြီးပေမယ့် ဆင်းရဲ သားလက် လုပ်လက်စား တွေမတတ်နိုင် လောက်သေး တဲ့နှုန်း ဖြစ်နေ ပါသေး တယ်။

ဒေါက်တာ သူရိန် လှိုင်ဝင်း
 
0 comments:

Post a Comment