Thursday, November 28, 2013

ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု သုံးနှုန်းမှု မုန်းတီးမှုသာ ဖြစ်စေ သည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြော

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ဘာသာမတူသည့် အုပ်စုနှစ်စုအကြား ပဋိပက္ခ များ ဖြစ်ပေါ်နေမှုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသည့် အသုံးအနှုန်းသုံးနှုန်းခြင်းသည် မုန်းတီးမှုများ ကိုသာ ဖြစ်စေမည်ဟု သတိပေးလိုက်သည်။

နိုဝင်ဘာ ၂၇ ရက်က ဆစ်ဒနီမြို့ရှိ Sydney Opera House တွင် ကျင်းပသော Ideas At the House ဆွေးနွေးပွဲတွင် စာနယ်ဇင်းသမားများ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား သွားခြင်းဖြစ်သည်။

“ဒီလိုဖော်ပြမှုမျိုးတွေက အကူအညီလည်း မဖြစ်စေပါဘူး။ တင်းမာမှုတွေ၊ မုန်းတီးမှုတွေကိုသာ ဖြစ်စေပါ တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အုပ်စုနှစ်စုအကြား တိုက်ခိုက်မှုများနှင့်ပတ်သက်၍ “နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ် ဖော်ပြထားပါတယ်။ ဒီလို သုံးသပ်ချက်အပေါ်မှာ သင်ဘယ်လိုမြင်ပါသလဲ” ဟူသည့် မေးခွန်း ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်မှုတွေတော့ ရှိပါတယ်။ အကြမ်းဖက်မှုတွေ တောက်လျှောက် ဖြစ်နေတာပါ။ ကျွန်မတို့နိုင်ငံ အတွင်းမှာ ယခုလို ဖြစ်ပွားနေတဲ့ လူအုပ်စုနှစ်စုအကြား တင်းမာမှုတွေ၊ပဋိပက္ခတွေ အဆုံးသတ်သွားရေး အတွက် အတော်လေး စိုးရိမ်နေရတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းမျိုးဟာ ကျွန်မအထင်တော့ အနည်းငယ် အစွန်းရောက်လွန်းပါတယ်။ ဒီလိုအသုံးအနှုန်းမျိုး ဟာ အကြမ်းဖက်သူတွေကို အခွင့်အရေးပေးလိုက်သလိုပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားသွားရာတွင်လည်း “အခြေခံ ဥပ ဒေထဲက ဒီမိုကရေစီ မဆန်တဲ့ကိစ္စတွေ တသီတတန်း ထိပ်ဆုံးမှာရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရပါ လိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံခရီးစဉ်ကို ဒီဇင်ဘာ၂ ရက်တွင် အဆုံးသတ်မည်ဖြစ်ပြီး သြ စတြေးလျဝန်ကြီးချုပ် Tony Abbott ၊ နိုင်ငံခြားရေးဝန်ကြီး Bob Carr နှင့် အစိုးရတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမှာဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် နိုင်ငံတ ကာ AIDS ညီလာခံတွင်လည်း ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment