
လွန်စွာအင်အားပြင်းထန်သည့် စူပါတိုက်ဖွန်းမုန်တိုင်း ဟိုက်ယန် ( Super
Typhoon Haiyan)သည် ယနေ့ နံနက် ၁၀နာရီ ခန့်မှ စ၍ ဖိလစ်ပိုင်နိုင်ငံ
အလယ်ပိုင်းကျွန်းများကို အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ခက်
လျှက်ရှိကြောင့် နိုင်ငံတကာသတင်းများ တွင် Breaking News
အဖြစ်ဖော်ပြလျှက်ရှိသည်။ မုန်တိုင်း အရှိန်ကြောင့် ဖိလစ်ပိုင်
ကမ်းရိုးတန်းတစ်လျှောက် လှိုင်းမြင့် ၄.၅ မီတာ (၁၅ ပေနီပါး)
ထိမြင့်တက်လျှက် ရှိကြောင်းနှင့် လေတိုက်နှုန်းများ တစ်နာရီလျှင်မိုင် ၁၈၀
ထိရှိကြောင်းသိရသည်။ ဖိလစ်ပိုင် တစ်နိုင်ငံ လုံး ပြည်နယ် ၂၀ တွင်
မုန်တိုင်းဒဏ်ခံစားရလျက်ရှိကြောင်း နှင့်
မုန်တိုင်းဒဏ်အပြင်းထန်ဆုံး ခံစားရသည့် ပြည်နယ်များမှာ လယ်တီ( Leyte) ကျွန်း
နှင့် ဆမား(Samar)ကျွန်းများဖြစ်ကြောင်းသိရသည်။ အစောပိုင်း ကမူ
မုန်တိုင်းဗဟို၌ လေတိုက်နှုန်းမှာတစ်နာရီလျှင် ၃၈၀ ကီလိုမီတာ (မိုင် ၂၂၀)
ထိရှိကြောင်း အမေရိ ကန် ရေတပ် မုန်းတိုင်းတိုင်းတာရေးအဖွဲ့က
သတိပေးထုတ်ပြန်ထားသည်။ အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင် အရှေ့မြောက်ဘက်
ဗီယက်နက် ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျား
လျက်ရှိသည် ဟုသိရသည်။ လောလောဆယ် ထိခိုက် ၊ သေဆုံးပျက်ဆီးမှု
စာရင်းမထုတ်ပြန်နိုင်သေးပါ။
Hot News Journal
0 comments:
Post a Comment