မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နန်းတော် စစ်ဆေးရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာ-တရုတ်နယ်စပ် မူဆယ်ရှိ နန်းတော်စစ်ဆေးရေးဂိတ် အနီးတွင် တရုတ်ဘက်မှ
အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း ကြော်ငြာစာများ ဖြန့်ဝေမှုများရှိကြောင်း
သတင်းရသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ကာ အဆိုပါ လုပ်ငန်းအား
ပိတ်သိမ်းရန်နှင့် အဆိုပါလုပ်ငန်း လုပ်ကိုင်သူအား ရွှေလီမြို့တွင်
မလုပ်ကိုင်စေဘဲ ပြန်လည်ထွက်ခွာသွားရန် ညွှန်ကြားခဲ့ကြောင်း လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (မူဆယ်) မှ တပ်ဖွဲ့ဝင်များသည်
ရွှေလီမြို့ လူကုန်ကူး တားဆီးရေး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ
ရွှေလီအုပ်ချုပ်ရေးဋ္ဌာန၊ လုပ်ငန်းလိုင်စင်ချထားပေးရေး ဋ္ဌာနမှ
တာဝန်ရှိသူနှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း
လုပ်ငန်းနေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း လုပ်ကိုင်သူ တရုတ်အမျိုးသား လိပင်းယိအား မေးမြန်းရာ ၎င်းမှ
ရွှေလီအုပ်ချုပ်ရေးဋ္ဌာန၊ လုပ်ငန်းလိုင်စင် ချထားပေးရေး ဋ္ဌာနသို့ တရားဝင်
လျှောက်ထားလုပ်ကိုင် နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတွင် အမျိုးသမီးနှင့်
အမျိုးသားများကို အိမ်ထောင်ပြုရန် အောင်သွယ်ပေးသည့်လုပ်ငန်း တရားဝင်
လုပ်ကိုင်ခွင့်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
လုပ်ငန်းလိုင်စင် ချထားပေးသည့် ဋ္ဌာနတာဝန်ရှိသူမှ မြန်မာစာသား
ထည့်သွင်းဆောင်ရွက်ခွင့် မပေးထားကြောင်း၊ အိမ်ထောင်ပြုရန် အောင်သွယ်ပေးသည့်
လုပ်ငန်းအား တရုတ်နိုင်ငံသားများ အတွက်သာ ဆောင်ရွက်ခွင့်ရှိကြောင်း၊
မြန်မာနိုင်ငံသားများ မပါဝင်ကြောင်း၊ လက်ကမ်း စာရွက်တွင် မြန်မာစာသားများ
ထည့်သွင်းထားခြင်းမှာ လိုင်စင်စည်းကမ်းနှင့် ညီညွတ်မှု မရှိသည့်အတွက်
လိုင်စင်ပိတ်သိမ်းနိုင်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (မူဆယ်) တပ်ဖွဲ့ဝင်များနှင့်
ရွှေလီမှုခင်း တပ်ဖွဲ့မှူး တို့နောက်ဆုံး ဆွေးနွေးအပြီးတွင် ထိုလုပ်ငန်းကို
ပိတ်သိမ်းကာ လုပ်ကိုင်သူအား ရွှေလီမြို့တွင် မလုပ်ကိုင်စေတော့ဘဲ
ပြန်လည်ထွက်ခွာသွားရန် ညွန်ကြားခဲ့ကြောင်း သိရသည်။
Eleven
0 comments:
Post a Comment