ထိုင်းငါးဖမ်း စက်လှေပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးကို ထိုးကြိတ်ပြီး
စက်လှေယူဆောင်မောင်းနှင် လာသည့် မြန်မာနိုင်ငံသား ရေလုပ်သားတစ်ဦးကို
နိုဝင်ဘာ ၆ ရက်က အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက
ဆိုသည်။
အမှုဖွင့်ခံထားရသည့် ရေလုပ်သားမှာ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်နေသူဖြစ်ပြီး ၎င်းကို ပင်လယ်ဝတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးစစ်ရေယာဉ်က လိုက်လံဖမ်းဆီးရမိခဲ့ခြင်း လည်း ဖြစ်သည်။
၎င်းသည် ထိုင်းရေပိုင်နက်အတွင်းရှိနေစဉ်
ထို့နောက် ၎င်းက လက်သီးဖြင့်ထိုးရာ စက်ဆရာမှာ ရေထဲသို့ ခုန်ချဆင်းသွားသဖြင့် စက်လှေအား မောင်းနှင်ယူလာစဉ် ရေတပ်၏ ဖမ်းဆီးမှုခံရခြင်းဖြစ်သည်ကို ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။
ထို့ကြောင့် ၎င်းကို အရေးယူပေးရန် ရေတပ်မှ တပ်ကြပ်ကြီး ၀င်းမြင့်အောင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဆိပ်ကမ်းရဲစခန်းက (ပ)၃၀၉/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်သည်။
Mizzima - News in Burmese
0 comments:
Post a Comment