မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာဝတ္ထိပြည်သား အိမ်ထောင်ရှင်အမျိုး
သားငါးရာတို့ဟာ မိမိတို့ရဲ့ ဇနီးများ နေတတ်ထိုင်တတ် ပြောဆိုတတ်ပြီး
လိမ္မာရေးခြားဖြစ်အောင် ဝိသာခါကောငိးအမကြီးထံ အပ်နှံထားကြတယ်။ ယောက်ျားများ
အလုပ်ခွင်သွားချိန်မှာ အိမ်ရှင်မများက ဝိသာခါအိမ်ကို သွားကြပြီး
တောက်တိုမယ်ရ ကူညီလုပ်ကိုင်ပေးရင်း ဝိသာခါရဲ့ဆုံးမသွန်သင်တာတွေကို နာယူမှတ် သားကြတာပေါ့။
တစ်ခါတော့ သူတို့ရဲ့ ဓလေ့ထုံးတမ်းအရ ယောက်ျားများသေရည်သောက်ပွဲကြီး
ကျင်းပပြီး နောက်နေ့မှာ ယောက်ျားများ အလုပ်ခွင်ဆင်းကြတော့
အိမ်ရှင်မများကလည်းယောက်ျားများရဲ့ လက်ကျန်ကလေးတွေနဲ့
စမ်းကြည့်ချင်စိတ်ပေါက်ပြီးလက်ဆွဲဗူးငယ်ကလေးတွေနဲ့ ဝှက်ပြီးယူ ခဲ့ကြတယ်၊
ကျောင်းအစ်မကြီးအိမ်ရောက် တဲ့အခါ ‘ဥယျာဉ်ထဲကို လှည့်လည်ကြည့်ရှုခွင့်
တောင်းကြတော့ ဝိသာခါကျောင်းအစ်မကြီးကိုယ်တိုင်ပဲ ဦးဆောင်ပြီး
ဥယျာဉ်လှည့်လည်ဖို့သွားကြတာပေါ့၊ ဟို ရောက်တော့ မယ်မင်းကြီးမများက
သူတို့အကြံနဲ့ သူတို့ ဝှက်ယူလာတဲ့ သေအရက်များကို ကျောင်းအစ်မကြီး
လစ်တုန်းမှာ ဗူးင်ယ်လေးတွေကိုကိုယ်စီနဲ့ မော့ကြပြီး ဗူးခွံများကိုတော့
ခြုံထဲပစ်လိုက်ကြတယ်၊ မသောက်စဖူး သောက်ကြ တာ ဆို တော့ အားလုံးဥယာဉ်ထဲမှာ ဣနြေ္ဒမရတွေဖြစ် ကုန်ကြရော၊ နောက်တော့ မှ
ကျောင်း အစ်မကြီးသိတော့ ဆုံးမပါတယ်၊ အိမ်ရောက်တော့ လည်း
ယောက်ျားများ သိမှာစိုးလို့ နေမကောင်း ချင်ယောင်ဆောင်ပြီး အိပ်ယာထဲယင်နေကြတဲ့
အိမ်ရှင်မများကို အခြေအနေ အကဲခတ်မိ သွားတဲ့ ယောက်ျား များက တော်တော်လေး
ဆုံးမ ကြပါသတဲ့။
နောက်တစ်နှစ်မှာလည်း ဒီလိုပဲ အကြံအဖန်တွေနဲ့
လုပ်လာကြပြီး ကျောင်းအစ်မကြီးကို ဥယျာဉ်ထဲ လှည့်လည် ခွင့်ပြုဖို့
ခွင့်တောင်းကြတော့ ‘ရှင်မတို့ဟာ အရင်တစ်ကြိမ်လည်း ဒီလိုပဲသွားပြီး
မတော်တရောတွေဖြစ်ကြလို့ တိတ္ထိများကတောင်‘ဂေါတမဘုရားရဲ့တပည့်မ ဝိသာခါနဲ့
သူ့နောက်လိုက်တွေ ဥယာဉ်ထဲမှာ အရက်သေစာတွေ သောက်စားပြီး မူးရစ်ရမ်းကားကြတယ်’
လို့ ကဲ့ရဲ့စရာအဖြစ်မျိုးနဲ့ ကြုံခဲ့ရပြီ၊ ဒီတစ်ခါတော့
သွားခွင့်မပြုတော့ဘူး’ ဆိုပြီး ကျောင်းအစ်မကြီးက ငြင်းပယ်လိုက်တယ်။
အိမ်ရှင်မငါးရာတို့ဟာ သူတို့ရဲ့ အကြံအစည်ကို ဝိသာခါရဲ့ အိမ်ဝင်းအတွင်းမှာ လည်း ဘယ်လိုမှ လုပ်ခွင့်မရမှာကို သဘောပေါက်ထားကြတဲ့အတွက် နောက်
ထပ်ဥပါယ်တံမျဉ်နဲ့ ကျောင်းအစ်မကြီးကို ဘုရားရှင်ကျောင်းတော် ခေါ်သွားဖို့
ပူုဆာကြပြန်တယ်။ (ဒါကိုချင့်ကြည့်ရင် သေရည် သေရက်ဆိုတဲ့ ဘယ်အယ်လ်ကိုဟောမဆို
အနည်းငယ် စမ်းကြည့်ရုံနဲ့ သွေးထဲ ရောက်သွားရင် လူကိုယစ်စေ၊စွဲစေတယ်ဆိုတာ
သတိပြုစရာပါပဲ၊) ကျောင်းအစ်မကြီးကလည်း သဘောရိုး အထင်နဲ့ ဘုရားကျောင်း
ခေါ်သွားတာပေါ့၊ အကြံသမားများဖြစ်တဲ့ အိမ်ရှင်မငါးရာ တို့ကတော့ ဘုရားကျောင်းသွားတဲ့အခါ ယူဆောင်မြဲဖြစ်တဲ့ ပန်းတောင်း၊ ပန်း ခြင်းများနဲ့အတူသူတို့ရဲ့ ဆောင်တော်မူ ဗူးကလေးတွေကို အထက်ပိုင်းကိုယ်ရုံ ကြားမှာ ဝှက်ယူလာကြတယ်၊ ကျောင်းအစ်မကြီးလစ်တာနဲ့ တစ်ပြိုင်နက် အ မြန်မော့လိုက်ကြပြီး ဗူးထွဲများကို ခြုံကွယ်ရာမှာ စွန့်ပစ်ခဲ့တာပေါ့၊ ပြီးတော့ ခပ် တည်တည်နဲ့ ဘုရားရှင်ရဲ့ တရားသဘင်မှာ ဝိသာခါကို ခြံရံပြီးရှေ့ဆုံးက နေရာယူပြီး ထိုင်နေကြသတဲ့။
ဝိသာခါကျောင်းအစ်မကြီးက ဘုရားရှင်ကို ‘ဒီ အမျိုးသမီးများအတွက်
တရားဓမ္မဟောကြားပေးတော်မူပါ ဘုရား’ လို့ လျှောက်ထားချိန်မှာတော့
အမျိုးသမီးများက တဖြေးဖြေး မူးယစ်ရီဝေလာကြပြီး ဘုရားရှင်ရှေ့မှောက်မှာ
ဆိုကြ၊ ကကြတော့မလိုလိုနဲ့ ပြုံးသူပြုံး၊ ရယ်သူ ရယ်နဲ့ ဣနြေ္ဒမရတွေ
လုပ်လာကြတော့တယ်။
မြတ်စွာဘုရားရှင်က ‘ဒါ ဘယ်လိုဖြစ်တာလဲ’လို့
ဆင်ခြင်ကြည့်တဲ့အခါ အကြောင်းစုံကို သိမြင်တော်မူတဲ့အတွက် အမျိုးသမီးများကို
သံဝေဂဉာဏ်နဲ့ ထိတ်လန့်သွားအောင် မျက်ခုံးတော်ကနေ ညိုမောင်းတဲ့
ရောင်ခြည်တော် တွေကို လွှတ်လိုက်တဲ့အခါ နဂိုကမှ ထွေနေကြတဲ့
အမျိုးသမီး များမှာ မှောင်ကြီးအတိကျသလို ဖြစ်သွားပြီး ထိတ်လန့်
သွားလိုက်ကြတာ သောက်ထားတာ ကလေးတွေတောင် ဘယ် ရောက်သွားကုန်မှန်းမသိဖြစ်ပြီး အားလုံးအမူးတွေလည်းပြေ၊ သံဝေဂ(ထိတ်လန့် သတိရတဲ့ အသိတရား) တွေလည်းရ ဖြစ်ကုန်ကြပါသတဲ့။
အဲဒီတော့ ဘုရားရှင်က ‘သင်တို့တတွေ သောက်စားမူးရစ်ကြခြင်းဟာ
လှည့်ဖြားတတ်တဲ့ မာန်နဲ့ သေခြင်းတရားတို့ကို အခွင့်ပေးသလိုဖြစ်နေတယ်၊
ခုအခါမှာ ရာဂ စတဲ့ အပူမီးတွေ ကင်းဝေးအောင် အားထုတ်သင့်ကြပြီ’ လို့ အစချီပြီး . . .
ကော နု ဟာသော ကိ မာနန္ဒော၊ နိစ္စံ ပဇ္ဖလိတေ သတိ။
အန္ဓကာရေန သြနဒ္ဓါ၊ ပဒီပံ မ ဂဝေသထ။
‘ကိလေသာမီး, သောကမီးတွေ၊ ညီးညီး ပြောင်ပြောင် အမြဲတောက်လောင်နေပါ
လျှက် ဘာကြောင့် ပျော်ရွှင်ဝမ်းမြောက် နေကြသလဲ။
အမှောင်ထူကြီး ကာဆီးပိတ်ဖုံးထားပါလျှက် ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ’
ဆိုပြီး သတိပေး ဆုံးမလိုက်တဲ့အခါ အရင်ကတည်းက အလိမ္မာ ဓာတ်ခံရှိကြသူများပီပီ
ဘုရားရှင် အဆုံးအမ အတိုင်း ဆင်ခြင်စဉ်းစားလိုက်တဲ့ခါ တရားကို သဘောပေါက်
နားလည်သွားကြလို့ အားလုံးပဲ သောတာပန်တွေ ဖြစ်သွားကြပါသတဲ့။
အဲဒီအိမ်ရှင်မငါးရာတို့ဆိုတာ ဝိသာခါ ကျောင်းအစ်မကြီးအိမ်မှာ
အလိမ္မာတွေကိုလေ့လာသင်ယူဖို့သာ လာနေကြတာပါ၊ ကိုယ့်အိမ်မှာ စားဝတ်နေရေး
မပြည့်စုံလို့ လုပ်ခစားအဖြစ်နဲ့ လာနေကြသူတွေ မဟုတ်ပါဘူး၊ အထိုက်အလျှောက်
ပြည့် စုံကြလို့လည်း သူတို့ဓလေ့ ထုံးစံအရ အများနည်းတူ သောက်ပွဲ၊
စားပွဲတွေ ကျင်းပနိုင်ကြတာပေါ့၊ အသောက်အစားကို ပျော်စရာပါးစရာ
တစ်ခုလိုသဘောထားပြီး ကျင်းပပြု လုပ်ကြတာဖြစ်ပါတယ်။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
(ကမ္ဘာပြုလက် မှ)
Buddhavasa Tiloka
0 comments:
Post a Comment