ရန်ကုန်၊ မဇ္ဈိမ။ အီလန်မြန်မာ ဆန္ဒပြအလုပ်သမားများကို ရရှိပြီးသား
အခြေခံလစာအပေါ် ထပ်မံ၍ ကုမ္ပဏီဖက်မှ တစ်သောင်း တိုးပေးလိုက်သော်လည်း
အလုပ်သမားများက ၎င်းတို့ ဆန္ဒပြခဲ့သည့်ရက်များ အတွက် ရက်ပျက်ကြေး
ထပ်မံလိုချင်သည်ဟုဆိုသောကြောင့် နိုဝင်ဘာ ၂၁ ရက်ထိ ညှိုနှိုင်းမှု
အဆင်မပြေဖြစ်နေဆဲဖြစ်သည်။
အလုပ်သမားများ အခြေခံလစာ သုံးသောင်းကျပ် တိုးမြှင့်ရေးအတွက် မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးတွင်အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ညှိနှိုင်းခဲ့ရာ ကုမ္ပဏီဖက်မှ တစ်သောင်း ကျပ်ဖြင့် ညှိနှိုင်ပေးလိုက်သည်။
သို့သော် အလုပ်များဘက်မှ ဆန္ဒပြခဲ့သည့် ၉ ရက်စာအတွက်
တွက်ချက်ပေးမည်ဆိုလျှင် အခြေခံလစာ တစ်သောင်းကျပ်ကို လက်ခံမည်ဟုဆိုပြီး
ကုမ္ပဏီဖက်မှ မပေးသည့်အတွက် ပြေလည်မှု ပြေလည်မှု မရရှိသေးပေ။
ထို့ကြောင့် အထည်ချုပ်စက်ရုံ အလုပ်သမားများအနေနှင့် အခြေခံ
လစာတိုးမြှင့်ရေးအတွက် စီတန်း လှည့်လည်ဆန္ဒပြခြင်းကို
နိုဝင်ဘာနောက်ဆုံးပတ်တွင် တောင်းဆိုသွားမည် ဖြစ်ကြောင်း
စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးမျိုးမင်းမင်းက ပြောသည်။
အလုပ်ရှင်ဖက်မှ ပြောဆိုထားသည့် အခြေခံလစာမှာ ၅၂၀၀၀ ဖြစ်ပြီး
ထပ်မံတိုးပေးလိုက်သည့်အတွက် အလုပ်ရှင်အနေနှင့် ၆၂၀၀၀ ရှိမည်ဖြစ်ပြီး
အလုပ်သမားများကမူ ၎င်းတို့အနေနှင့် အခြေခံလစာ ၃၃၀၀၀ သာရရှိသည်ဟုဆိုသည့်အတွက်
တစ်သောင်းထပ်ဖြည့်လျှင် ၄၃၀၀၀ ဖြစ်မည်ဖြစ်သည်။
လက်ရှိအခြေခံလစာမှာ
၃၃၀၀၀ ကျပ်ရရှိပြီး အချိန်ပိုများထည့်ပေါင်းလျှင် တစ်လ လစာ ၉၀၀၀၀ ကျပ်
ဝန်းကျင်သာရရှိသည့်အတွက် အခြေခံလစာကို ၃၀၀၀၀ ကျပ်တိုးပေးရန် အလုပ်သမားများက
ထပ်မံတောင်းဆိုနေခြင်းဖြစ်သည်။
ယင်းလစာတိုးမြှင့်ရန်နှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၃ ရက်တွင်
အလုပ်သမားရုံးကို တင်ပြခဲ့ပြီး အောက်တိုဘာ လ ၂၄ ရက်တွင် ညှိနှိုင်းခဲ့ကာ
အဆင်မပြေခဲ့သည့်အတွက် နိုဝင်ဘာလ ၁၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။
ဦးမောင်မောင်ဝင်းက "အလုပ်သမားဘက်က သပိတ်မှောင်တဲ့ ကာလကို
လစာပေးဖို့တောင်းဆိုတယ်။ အဖြေက အတိအကျထွက်မလာဘူး။ ညှိနှိုင်းတဲ့ ကာလကလည်း
သုံးရက်ပြီးသွားပြီ ဖြစ်တယ်။ အခြေခံလစာက တစ်ခြားစက်ရုံနဲ့
သိပ်မကွာဘူးဆိုတော့ ထပ်တိုးဖို့ မဖြစ်နိုင်ဘူး။ သင့်တင့် တယ်လို့မြင်တယ်”
ဟုပြောသည်။
နိုဝင်ဘာလ ၁၈ ရက်က အလုပ်သမား ၆ ဦးဖြစ်သည့်
အီလန်မြန်မာအထည်ချုပ်စက်ရုံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ဦးမျိုးမင်းမင်း၊
ဘဏ္ဍာရေးမှူး ဒီရအောင်၊ အမှုဆောင်များဖြစ်သည့် ကျော်လွင်ဦး၊ ကြူကြူဝင်း၊
အေးအေးမာနှင့် မ၀င်းသန်းတို့ ဖြစ်သည်။ ၄င်းတို့သည် ယင်းစက်ရုံတွင် လုပ်သက်
၃နှစ်ခန့် ရှိပြီ ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment