Tuesday, November 12, 2013

တရုတ်၊ ရုရှားနှင့် အိန္ဒိယ သုံးနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ နယူးဒေလီ တွင် တွေ့ဆုံ ဆွေးနွေး


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သည့် တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင် ငံ တို့မှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သုံးနိုင်ငံ မဟာ ဗျူဟာမြောက် ကျယ်ပြန့်စွာရှုမြင်၍ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း နိုဝင်ဘာ ၁ဝ ရက်က ထုတ်ဖော်ပြော ကြားခဲ့သည်။
တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံ တို့အနေဖြင့် ဥရောပ၊ အာရှစသည့် ကမ္ဘာ့ တိုက်ကြီး နှစ်တိုက်ကို ထိန်းချုပ် ထားပြီး ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၂ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြောင်း၊ သမုဒ္ဒရာကြီးသုံးစင်း နှင့် ချိတ်ဆက်လျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၄ဝ ရာခိုင်နှုန်း နေထိုင်လျက်ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုး တက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများလည်း ဖြစ်ကြောင်း၊ သုံးနိုင်ငံပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်လျက် အတူတကွ လက်တွဲဆောင်ရွက်ကြမည်ဆိုလျှင် မိမိတို့ သုံးနိုင်ငံအတွင်းရှိ ပြည်သူများ သာမက ကမ္ဘာ တစ်ဝန်းလုံးရှိ ပြည်သူအားလုံး အသီးအပွင့်များကို ခံစားရရှိလိမ့်မည်ဖြစ်ကြောင်း ဝမ်ယီက ပြောကြားခဲ့ သည်။

ထို့အပြင် သုံးနိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေးကို အကြီး အကျယ် ပြောင်းလဲစေနိုင်သည့် အားသစ်တစ်ရပ်ထွက်ပေါ် စေမည်ဖြစ်ကြောင်း၊ သုံးနိုင်ငံအကြား မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေခြင်းဖြင့် အာရှ-ဥရောပတိုက် တည်ငြိမ်အေးချမ်းရေး အတွက် အာမခံချက်ရရှိမည် ဖြစ်ကြောင်း၊ စက်မှု၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး နှင့် ကယ်ဆယ်ရေး၊ အဆင့်မြင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆိုက်ဘာလုံခြုံရေး အစရှိသည့် ကဏ္ဍရပ်များတွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လေးနက်ခိုင်မာစွာဖြင့် ဆက်လက် လျှောက် လှမ်းနိုင် မည်ဟု ယုံကြည်ကြောင်း ဝမ်ယီက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment