Wednesday, October 23, 2013

မန္တလေးတိုင်းအတွင်း ခွဲတမ်းရ WCDMA ဆင်းမ်ကတ် ဒေသသုံးခု တွင်သာ ရောင်းချမည်

မန္တလေးတိုင်းဒေသကြီးအတွင်း ခုနစ်ကြိမ်မြောက်အဖြစ် အောက်တိုဘာလ တွင် ရောင်းချပေးမည့် တန်ဖိုးနည်း ဆင်းမ်ကတ်များထဲမှ WCDMA ဆင်းမ်ကတ်များကို မန္တလေး၊ ပုဂံနှင့် ညောင်ဦးမြို့တို့ တွင်သာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချပေးသွား မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုရ အဖွဲ့ရုံးထံမှ သိရသည်။

ယခုအောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချရန် GSM ဆင်းမ်ကတ် ၂၁,၅၀၀ နှင့် WCDMA ဆင်းမ်ကတ် ၁၉,၅၀၀ ခွဲတမ်းရရှိပြီး WCDMA ကို ဆက်သွယ်ရေး တာဝါတိုင်များရှိသော ယင်း ဒေသသုံးခု တွင်သာ ရောင်းချပေးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးထံမှ ထပ်မံသိရသည်။

တန်ဖိုးနည်း ဆင်းမ်ကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ရောင်းချပေးပြီး နံပါတ်အစဉ်လိုက် မဲပေါက်ထားသည့် အိမ်ထောင်စုများကို ခွဲတမ်းအရ ရောင်းချပေးခြင်း ဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးရုံးများမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွက် စက်တင်ဘာလအတွင်း တန်ဖိုးနည်း ဖုန်းကတ် GSM နှစ်သောင်း၊ CDMA ၂၈,၀၀၀ စုစုပေါင်း ၄၈,၀၀၀ ခန့် ရောင်းချပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment