Tuesday, October 8, 2013

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကို Fitow တိုင်ဖွန်းတိုက်ခိုက်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ဝမ်ကျိုးမြို့ကို တိုင်ဖွန်းမုန်တိုင်း Fitow ဝင်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် လူ ၂ ဦးထက်မနည်း အသက် ဆုံးရှုံးခဲ့ရတယ်လို့ ရှင်ဟွာ သတင်းဌာနက ပြောပါတယ်။

အမျိုးသား မိုးဇလဌာနရဲ့ အဆိုအရ Fitow တိုင်ဖွန်းဟာ တရုတ် အရှေ့တောင်ပိုင်း ကမ်းခြေကို ဝင်ရောက်ချိန်မှာ တစ်နာရီကို ကီလိုမီတာ ၁၅၀ လောက် လေတိုက်နှုန်း ရှိတယ်လို့ သိရပါတယ်။ 

အာဏာပိုင်တွေရဲ့ အဆိုအရ ဇေကျန်း ပြည်နယ်က လူပေါင်း ၅ သိန်းလောက်နဲ့ ဖူကျန့် ပြည်နယ်က လူပေါင်း ၁သိန်း ၇ သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။ 

မုန်တိုင်းကြောင့် မြန်နှုန်းမြင့် ရထားလိုင်းတွေကို ရပ်နားထားရပြီး မုန်တိုင်းလမ်းကြောင်းတစ်လျှောက်က မြို့ပေါင်း ၃၅ မြို့ရဲ့ ဒေသတွင်း ရထားလိုင်းတွေမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆို ပါတယ်။

ဓာတ်ပုံတွေကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

BBC

0 comments:

Post a Comment