Monday, October 21, 2013

City Taxi စတစ်ကာနှင့်ပက်သက်လို့ ဒရိုင်ဘာ တစ်ဦး ရင်ဖွင့်သံ

Photo: City Taxi စတစ်ကာနှင့်ပက်သက်လို့ ဒရိုင်ဘာ တစ်ဦး ရင်ဖွင့်သံ
Monday, October 21, 2013

" လက်ရှိ ရန်ကုန်မြို့ ပေါ်က တက္ကဆီတွေမှာ မတရားခံနေရတဲ့ ကိစ္စ တစ်ခုရှိတယ်။ အဲဒါကတော့ City Taxi စတစ်ကာတွေပဲ။ ၁၉၉၆ ခုနှစ်က မြန်မာပြည်မှာ Business Year လုပ်လို့ နိုင်ငံခြားသားတွေ လာတဲ့ အခါ တက္ကဆီ ကို ခွဲခွဲခြားခြား သိရအောင်ဆိုပြီးတော့ City Taxi စတစ်ကာတွေ ကပ်ခိုင်းတယ်။ အဲဒါကို လုပ်တာ ကညနကလည်း မဟုတ်ပါဘူး။ မြို့ တော် စည်ပင်သာယာ ( YCDC ) က ဖြစ်ပါတယ်။ ယခုနှစ်တွေ ပြောင်းပြီး လိုင်စင် အသစ်လဲတဲ့ ကားမှန်သမျှကို အင်္ဂလိပ်နံပါတ်တွေ ပေးနေပြီ၊ အနီပြားကြီးလည်း သိသာနေတဲ့ ကိစ္စမှာ City Taxi စတစ်ကာကို ကပ်ခိုင်းနေတုန်းပဲ။

အဲဒါကပ်ဖို့အတွက် စည်ပင်သာယာက ရုံးဌာန တစ်ခုဖွင့်ထားတယ်။ အဲဒါကပ်ဖို့အတွက် ငွေ နှစ်သောင်းခွဲ ပေးရတယ်။ မကပ်တဲ့ကားတွေကို လမ်းပေါ်မှာ တွေ့ရင် ဖမ်းတာတို့၊ ဒဏ်ငွေရိုက်တာတို့ကလည်း လုပ်ချင် သလို လုပ်နေတော့ တက္ကဆီ ဒရိုင်ဘာအတော်များများ သွားကပ်ရတယ်။ ဒါကို အုံနာက မပေးဘူး။ တက္ကဆီ ဒရိုင်ဘာတို့ ရှာတဲ့ငွေနဲ့ ပေးရတာပါ။ တစ်စီးကို ၂ သောင်းခွဲ၊ ရန်ကုန်မှာ တက္ကဆီ အစီးရေ ၂ သိန်းနဲ့ပဲ တွက်အုံ။ သူတို့ရတဲ့ အခွန်ခငွေ ဘယ်လောက်ရှိပြီလဲဆိုတာ ခန့်မှန်းကြည့်။ တက္ကဆီ တစ်ရက်ဆွဲတာမှ အုံနာကြေး နုတ်လိုက်ရင် ရတာက ၁သောင်းခွဲတောင် မမှန်ချင်ဘူး။ ငွေ ၂ သောင်းခွဲပေးပြီး ကပ်လိုက်ရတဲ့ စတစ်ကာက ကိုယ့်အတွက်ဘာမှလည်း မရဘူ။ ကားက ရုပ်လည်းဆိုးသွား တယ်။ ပြန်ခွာရင် အနာကကျန်ရော။ City Taxi စတစ်ကာ စနစ်ကို ကျနော်တို့ မလိုလားတာတော့ အမှန်ပါပဲ"
.
တက္ကဆီဒရိုင်ဘာ တစ်ဦးမှ Colay.com.mm သို့ ပေးပို့လာသော သတင်း ( ပြည်သူ့သတင်း) ဖြစ်ပါသည်။
.
ColayAutomobile

0 comments:

Post a Comment