Tuesday, October 8, 2013

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ နည်းပြရွေးနေကြတာပါဗျာ---ရက်နက်

ကျူပီအာနည်းပြ ရက်နက်က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများမှာ အသင်းအတွက်အကောင်းဆုံး နည်းပြရွေးချယ်နိုင်ရန် လုံလောက်သည့် ဗဟုသုတမရှိကြောင်း တိုက်ခိုက်ခဲ့သည်။ ၂၀၁၂ခုနှစ် မေလတွင် ကာပယ်လိုနှင့် လမ်းခွဲခဲ့ပြီး အင်္ဂလန်နည်းပြအဖြစ် ရက်နက်ကို ခေါ်ယူတော့
မည်ဟု သတင်းထွက်ခဲ့သော်လည်း အက်ဖ်အေမှာ ရွိုင်းဟော့ဒ်ဆန်ကို နည်းပြခန့်အပ်ခဲ့ပြီး ယခုကဲ့သို့ ဝေဖန်ရခြင်းမှာ မိမိကို နည်းပြအဖြစ် မခန့်အပ်ခြင်းကြောင့် မဟုတ်ကြောင်းလည်း ရက်နက်က ရှင်းလင်းခဲ့သည်။

“သူတို့အသက်နဲ့ရင်းပြီး နည်းပြရွေးချယ်ရမယ်ဆိုရင်တောင် ကျွန်တော့်ကို နည်းပြကောင်းတစ်ယောက်အနေနဲ့ မြင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အတွေးအမြင် မရှိသူတွေက နည်းပြရွေးချယ်ပြီး ဒီလိုအနေအထားမျိုးနဲ့ အင်္ဂလန်ဘောလုံးလောကရှေ့ဆက်နေတာပါ။ ဒီလိုပြောတာက ဟော့ဒ်ဆန်ကို နည်းပြရွေးလိုက်လို့မဟုတ်ပါဘူး”

“အဲဒီအချိန်တုန်းက အင်္ဂလန်စီနီယာ ကစားသမားတွေက ကျွန်တော့်ကို နည်းပြအဖြစ် ရွေးချယ်ခဲ့ကြပြီး ပရိသတ်တွေကလည်း ကျွန်တော့်ကို ရွေးချယ်ဖို့ သဘောတူကြတယ်လို့ လူတိုင်းပြောခဲ့ကြတာပါ။ ဖာဒီနန်၊ တယ်ရီ၊ ဂျရတ်၊ ရွန်နီတို့က အင်္ဂလန်နည်းပြအဖြစ် ကျွန်တော့်ကို မြင်ချင်ကြတယ်လို့ မက်ဆေ့ခ်ျပို့ခဲ့ကြပါသေးတယ်”ဟု ရက်နက်က ဆိုသည်။ ထို့အပြင် ရက်နက်က အင်္ဂလန်အသင်းတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန် ရော့ဒ်ဂျာကို ကမ်းလှမ်းခဲ့ပြီးဖြစ်သည်ဟုလည်း
ပြောကြားသွားခဲ့သည်။

ရက်နက်၏နည်းပြဘ၀မှတ်တမ်း

1983-1992: ဘာနီမောက်
1994-2001: ၀က်စ်ဟမ်း
2002-2004: ပို့စ်မောက်
2004-2005: ဆောက်သမ်တန်
2005-2008: ပို့စ်မောက်
2008-2012: စပါး
2012-present: ကျူပီအာ

http://yoyarlay.com/sport/football/38277-2013-10-07-17-42-04
ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment