Wednesday, October 2, 2013

ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်မှု မအောင်မြင်


မူးယစ်ဆေးဝါးဆိုင်ရာ ကမ္ဘာ လုံးဆိုင်ရာစစ်ပွဲ အောင်မြင်ခြင်းမရှိဟု သုတေသီတို့ကယူဆခဲ့ကြ သည်။ မူးယစ်ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း မူးယစ် ဆေးဝါးများကို ထုတ်လုပ်မှုတိုး ပွားလာသည်ဟုဆိုသည်။

မူးယစ်ဆေးဝါးဆိုင်ရာ အစိုးရထောက်လှမ်းမှု အချက် အလက်များအရ တရားမဝင်မူး ယစ်ဆေးဝါး အစွမ်းအာနိသင် တိုးပွားလာသော်လည်း ဈေးချို လာသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်မူး ယစ်ဆေးဝါးဈေးကွက်တွင် တရား ဥပဒေထိန်းချုပ်မှု မအောင်မမြင် ဖြစ်နေကြောင်း၊ လွန်ခဲ့သည့်ဆယ် စုနှစ်နှစ်ခုကာလအတွင်း တရားမဝင် မူးယစ်ဆေးဖြည့်ဆည်းမှုများ တိုးပွား လာလျက် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရ မိမှုမှာ ၁၉၉ဝပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၄၆၅ရာခိုင်နှုန်း တိုးပွားလာ ခဲ့ရာတွင် ဘိန်းဖြူ၂၉ ရာခိုင်နှုန်း တိုးပွားဖမ်းဆီးမိပြီး ကိုကင်းဖမ်းဆီးသိမ်းယူမှု ၄၉ရာ ခိုင်နှုန်း ကျဆင်း ခဲ့ကြောင်းသိရ သည်။

သို့ရာတွင် မူးယစ်ဆေး ဝါးဈေးနှင့် မူးယစ်ဆေးဝါးထုတ် လုပ်မှုနှင့်ပတ်သက်သည့် အချက် အလက် များမှာ အတိုင်းအတာ ကန့်သတ်မှုရှိကြောင်း သုတေသီ တို့က ဝန်ခံခဲ့ကြသည်။

သုတေသီတို့ကမူ မူးယစ် ဆေးဝါးမူဝါဒများတွင် သိပ္ပံပညာ၊ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာတို့ကို အခြေခံချမှတ်ရန် လိုအပ်ဟုပြောသည်။

Yangon Media Group

0 comments:

Post a Comment