Monday, October 7, 2013

ယာဉ်များ စည်းကမ်းဖောက်ဖျက်က ငွေဒဏ်အပြင်ထောင်ဒဏ်နှင့်ပါ အရေးယူမည်

Photo: ယာဉ်များ စည်းကမ်းဖောက်ဖျက်က ငွေဒဏ်အပြင်ထောင်ဒဏ်နှင့်ပါ အရေးယူမည်
Monday, October 7, 2013 

ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာနယ်နိမိတ်အတွင်း၌ ယာဉ်  စည်းကမ်းဖောက်ဖျက်မှုကြောင့် စီမံချက်ဖြင့် ဖမ်းဆီးနေသည့်စနစ် ကို အောက်တိုဘာလ (၁) ရက် နေ့မှစပြီး ဖျက်သိမ်းလိုက်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်း ကမ်းကြီးကြပ်ထိန်းသိမ်းရေးကော် မတီမှ ဒုတိယရဲမှူးကြီးလင်းထွဋ်က  ပြောကြားသည်။

ယခင်က ယာဉ်အသုံးပြုသူ များအနေနှင့် ယာဉ်စည်းကမ်းလိုက်  မှုရှိစေရန် ဒဏ်ငွေများကို စီမံချက်   ဖြင့် အဆင့်ဆင့်တိုးမြှင့်သတ်ခဲ့သော်   လည်း လိုက်နာမှုအားနည်း၍ ယခု လက်ရှိအနေဖြင့် ယာဉ်စည်းကမ်း  ချိုးဖောက်သူများကို ၁၉၆၄ ခုနှစ်  မော်တော်ယာဉ်ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်များအတိုင်းအရေး ယူသွားမည်ဖြစ်ကြောင်းကို အောက်တိုဘာလ ၄ ရက်နေ့က ၅၁ လမ်းယာဉ်စည်းကမ်းထိန်းသိမ်း  ရေးရဲချုပ်ရုံးတွင် ကျင်းပပြုလုပ် သည့်မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေများဖြင့် လက်ရှိအရေး  ယူဆောင်ရွက်မည့်အခြေအနေ များရှင်းလင်းသည့်သတင်းစာရှင်း လင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီးလင်းထွဋ်မှ “ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေ ကို မော်တော်ယာဉ်ဥပဒေပါပြဋ္ဌာန်း    ချက်များအတိုင်းအရေးယူလို့ရပေ မယ့်ကြီးတဲ့ အမှုကိုငယ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်တိုးမြှင့် ဒဏ်ငွေနဲ့ပဲအရေးယူဆောင်ရွက်ခဲ့    ထားပါ။ အခုဥပဒေပါသတ်မှတ်  ဒဏ်ငွေနဲ့ ပြစ်မှုကြီးရင်ကြီးသလို  ထောင်ဒဏ်နဲ့ပါအရေးယူသွားမှာ ပါ”ဟုပြောသည်။

အဆိုပါစီမံချက်ဒဏ်ကြေးငွေ များကို ယာဉ်စည်းကမ်းကြီးကြပ်  ထိန်းသိမ်းရေးဥပဒေပြဋ္ဌာန်းချက် သတ်မှတ်ဒဏ်ကြေးငွေကျပ် ၁၅၀၀ အပြင်၊ စီမံချက်ဒဏ်ငွေ  အဖြစ်ပြစ်မှုပေါ်မူတည်ပြီး ကျပ် ၁၀၀၀၀ မှ ကျပ် ၃၀၀၀၀၀ အထိ  သတ်မှတ်၍ဒဏ်ရိုက်ခဲ့ခြင်းဖြစ်  ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း   ရေးကော်မတီမှ ရဲမှူးသာဌေးက ပြောသည်။

အကယ်၍ယာဉ်စည်းကမ်း သတ်မှတ်ဥပဒေပါဒဏ်ကြေးငွေ ထက်ပိုမိုတောင်းခံသူဝန်ထမ်းများ ရှိပါက တိုင်ကြားကြပါရန်နှင့် တိုင်ကြားမှုကိုထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည။       

The Hot News Weekly.
ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာနယ်နိမိတ်အတွင်း၌ ယာဉ် စည်းကမ်းဖောက်ဖျက်မှုကြောင့် စီမံချက်ဖြင့် ဖမ်းဆီးနေသည့်စနစ် ကို အောက်တိုဘာလ (၁) ရက် နေ့မှစပြီး ဖျက်သိမ်း လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်း ကမ်းကြီးကြပ်ထိန်းသိမ်းရေးကော် မတီမှ ဒုတိယ ရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။

ယခင်က ယာဉ်အသုံးပြုသူ များအနေနှင့် ယာဉ်စည်းကမ်းလိုက် မှုရှိစေရန် ဒဏ်ငွေများကို စီမံချက် ဖြင့် အဆင့်ဆင့်တိုးမြှင့်သတ်ခဲ့သော် လည်း လိုက်နာမှုအားနည်း၍ ယခု လက်ရှိအနေဖြင့် ယာဉ်စည်းကမ်း ချိုးဖောက်သူများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက် များအတိုင်းအရေး ယူသွားမည်ဖြစ်ကြောင်းကို အောက်တိုဘာလ ၄ ရက်နေ့က ၅၁ လမ်းယာဉ် စည်းကမ်းထိန်းသိမ်း ရေးရဲချုပ်ရုံးတွင် ကျင်းပပြုလုပ် သည့်မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေ များဖြင့် လက်ရှိအရေး ယူဆောင်ရွက်မည့်အခြေအနေ များရှင်းလင်းသည့်သတင်းစာရှင်း လင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီးလင်းထွဋ်မှ “ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေ ကို မော်တော်ယာဉ်ဥပဒေပါပြဋ္ဌာန်း ချက်များအတိုင်းအရေးယူလို့ရပေ မယ့်ကြီးတဲ့ အမှုကိုငယ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံချက်တိုးမြှင့် ဒဏ်ငွေနဲ့ပဲအရေးယူဆောင်ရွက်ခဲ့ ထားပါ။ အခုဥပဒေပါသတ်မှတ် ဒဏ်ငွေနဲ့ ပြစ်မှုကြီးရင်ကြီးသလို ထောင်ဒဏ်နဲ့ပါအရေးယူသွားမှာ ပါ”ဟုပြောသည်။

အဆိုပါစီမံချက်ဒဏ်ကြေးငွေ များကို ယာဉ်စည်းကမ်းကြီးကြပ် ထိန်းသိမ်းရေးဥပဒေပြဋ္ဌာန်းချက် သတ်မှတ်ဒဏ်ကြေးငွေကျပ် ၁၅၀၀ အပြင်၊ စီမံချက်ဒဏ်ငွေ အဖြစ်ပြစ်မှုပေါ်မူတည်ပြီး ကျပ် ၁၀၀၀၀ မှ ကျပ် ၃၀၀၀၀၀ အထိ သတ်မှတ်၍ဒဏ်ရိုက်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ရဲမှူးသာဌေးက ပြောသည်။

အကယ်၍ယာဉ်စည်းကမ်း သတ်မှတ်ဥပဒေပါဒဏ်ကြေးငွေ ထက်ပိုမိုတောင်းခံသူဝန်ထမ်းများ ရှိပါက တိုင်ကြားကြပါရန်နှင့် တိုင်ကြားမှုကိုထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည။

The Hot News Weekly.

0 comments:

Post a Comment