Saturday, October 26, 2013

ကားစက်ချွတ်ယွင်း၍ဂျန်းတုံးခုမည်ပြုစဉ်ကားနောက်ဘီးဖြင့်ကြိတ်မိသေဆုံး

၂၅.၁၀.၂၀၁၃ ရက်နေ့ ၀၉၁၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း မင်္ဂလာဒုံဘက်မှ ထောက်ကြန့် ဘက်သို့ ယာဉ်မောင်း မျိုးဝင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ၂ခ/----- တိုယိုတာဒိုင်နာ အဖြူရောင်(အုတ်/ သဲ/ ကျောက်တင်)ယာဉ်သည် နီလာရိုးမဆိုင်ရှေ့အရောက် စက်ချွတ်ယွင်းသဖြင့် ယာဉ်နောက်ခန်းမှစီးနင်း လိုက်ပါလာသော ကိုကျော်လင်း(ဘ)ဦးအောင်သန်း၊ အင်းစိန်မြို့နယ်နေသူမှ ဂျန်းတုံးခုရန်ယာဉ်ပေါ်မှ ဆင်းရာ အရှိန်လွန်၍ယာဉ်အောက်သို့ရောက်သွားကာ ယာဉ်၏ ယာဘက်နောက် ဘီးဖြင့် ဦးခေါင်း၊ ၀မ်းဗိုက်တို့အားကြိတ်မိ၍ အခင်းဖြစ်နေရာတွင်သေဆုံးပြီး ယာဉ်မောင်းမျိုးဝင်းသည်ယာဉ်ကိုထား ကာထွက်ပြေးတိမ်းရှောင်သွားသဖြင့် မျိုးဝင်းအား ထောက်ကြန့်နယ်မြေ ရဲစခန်း ယာဉ်(ပ)၅၅/၂၀၁၃၊ ပုဒ်မ ၃၀၄- က/၂၀၂ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါ သည်။

Yangon Police

0 comments:

Post a Comment