
ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဘန်ကီမွန်းက ဆီးရီးယားတွင် ဓာတုလက်နက်များ ဖျက်သိမ်းဖယ်ရှားရန် အတွက် ရောက်ရှိနေ ကြသော ဓာတုလက်နက် ကျွမ်း ကျင်ပညာရှင်များအနေဖြင့် ဘေး အန္တရာယ်များဖြင့် ကြုံတွေ့နိုင်ရ သည်ဟု သတိပေးပြောသည်။
ဘန်ကီမွန်း၏ င်္ဗဏသတင်း ဌာနသို့ ပြောကြားချက်အရ ဓာ တုလက်နက်ဖျက် ဆီးရေး မစ်ရှင် အတွက် ကျွမ်းကျင်ပညာရှင်၁၀၀ ခန့် ပါဝင်ဆောင်ရွက်လိမ့် မည်ဟု သိရှိရပြီး ယင်းအရေအတွက်မှာ အလွန်များပြား လှသောအရေ အတွက်ဖြစ်သည်ဟု သိရသည်။
ဆီးရီးယားနိုင်ငံ၏ လက် နက်ကိုင်သောင်းကျန်းသူများ သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဒေသများ တွင် ပြင်းထန်သော တိုက်ပွဲများဆင်နွှဲနေခြင်းက ကုလသမဂ္ဂနှင့် ပူးပေါင်းဖွဲ့စည်း ထားသည်။ ဓာတုလက်နက်တား မြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ မစ်ရှင်အပေါ်တွင် အန္တရာယ် ဖြစ်ပွားနိုင်ကြောင်းကို မီးမောင်း ထိုးပြနေသည်။ စက်တင်ဘာ ၂ရ ရက်တွင် အမေရိကန်နှင့် ရုရှား နိုင်ငံတို့၏ လက်နက်ဖျက်သိမ်း ရေးအစီအစဉ်အရ အလျင်အမြန် ဖွဲ့စည်းခဲ့သော (OPCW)အဖွဲ့ ဝင်များသည် ဆီးရီးယားနိုင်ငံ တွင် ဓာတုလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီဖြစ်သည်။
လက်ရှိအချိန်တွင် (OPCW)အဖွဲ့ဝင် ၁၉ဦးနှင့် ကုလ အဖွဲ့ဝင် ၁၆ဦးတို့ ဓာတုလက် နက်ဖျက်သိမ်းရေးအစီ အစဉ်များ ကို စတင်အကောင်အထည်ဖော် နေခြင်းဖြစ်ကာ နောက်ထပ်သိပ္ပံ ပညာရှင်၊ ဓာတုလက်နက် ကျွမ်း ကျင်ပညာရှင် ၁၀၀ ခန့် ဆက် လက်တိုးမြှင့်သွားမည်ဖြစ်ပြီး တစ် နှစ်ကျော်ကြာမြင့်မည်ဟု ဘန် ကီမွန်းက ဆိုသည်။ ဘန်ကီမွန်း က ကျွမ်းကျင်ပညာရှင်များအနေ ဖြင့် ဆီးရီးယား၏တိုက်ပွဲများ မကြာ ခဏဖြစ်ပေါ်နေသော ဒမတ် စကတ်၊ ပဂွမ်းနှင့် အလက်ပိုမြို့ များတွင် တာဝန်ထမ်းဆောင်ရ မည်ဖြစ်သောေ ကြာင့် အန္တရာယ် များကြားတွင် လုပ်ကိုင်ရမည်ဟု သတိပေးခဲ့သည်။
ဆီးရီးယားသမ္မတအာဆတ် သည် မကြာသေးခင်က ပြုလုပ် ခဲ့သော အင်တာဗျူးတစ်ခုတွင် နိုင်ငံ၏ လ၃ဝကြာပြည်တွင်းစစ် အတွင်း မိမိတို့၏အစိုးရအဖွဲ့ အနေဖြင့် အမှားများပြုလုပ်ခဲ့မိ သည်ဟု ဝန်ခံခဲ့ပြီး ဒမတ်စကတ် ရှိ ဓာတုလက်နက်ဖြင့် တိုက်ခိုက် မှုများတွင်မူ တာဝန်မရှိဟု ငြင်း ဆိုထားသည်။
Yangon Media Group
0 comments:
Post a Comment