Thursday, October 24, 2013

ပါကစ္စတန်တွင် မိန်းကလေးမွေးဖွားသည့်အတွက် ယောက်ျားဖြစ်သူမှ မိန်မဖြစ်သူကို အက်ဆစ်အတင်းသောက်ခိုင်း

ပါကစ္စတန်နိုင်ငံ၊ ရှိတ်ပူရခရိုင်၌ မိန်းကလေးမွေးဖွားသည့်အတွက် ယောက်ျားဖြစ်သူမှ မိန်မဖြစ်သူကို အက်ဆစ်အတင်းသောက်စေခဲ့ကြောင်း ပုဂ္ဂလိက တီဗွီချန်နယ်၌ တနင်္ဂနွေနေ့က ကြေငြာခဲ့သည်။

သတင်းများအရ ယောက်ျားဖြစ်သူ၏ မိသားစုဝင်များက ယောက်ျားဖြစ်သူမှ ၎င်း၏မိန်းမအား ဆိုးရွားသောအမှုကျူးလွန်ရာတွင် ကူညီခဲ့သည်ဟု ဆိုသည်။ နာဝါဇစ်သည် ၎င်း၏ မိန်းမမှ မိန်းကလေးသာ မွေးဖွားခဲ့သည်ကို အလွန်စိတ်ပျက်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကို အပြစ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

နာဝါဇစ်သည် မွေးဖွားလာသော ကလေးမျက်နှာကို တစ်ချက်ကလေးမျှပင် ငဲ့ကြည့်ချင်းမရှိပဲ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အက်ဆစ်ပုလင်းတစ်ခုအားယူလာပြီး ၎င်း၏ မိသားစုဝင်များအကူအညီနှင့် မိန်းမဖြစ်သူအား အက်ဆစ်ကို အတင်းသောက်စေခဲ့သည်။ အိမ်နီးချင်းများက မိန်းမဖြစ်သူကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ရပြီး သူမ၏ အခြေအနေမှာ အလွန်ဆိုးရွားသော အခြေအနေတွင် ရှိသည်။

0 comments:

Post a Comment