Thursday, October 24, 2013

ယခုဆောင်းဦးအတွင်း အအေးပေါ့နေခြင်းသည် တိမ်ဖုံးလွှမ်းမှု မြင့်မားနေခြင်းကြောင့်ဖြစ်

မြန်မာနိုင်ငံအနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် တိမ်ဖုံးလွှမ်းမှုများ ဆက်လက်တည် ရှိနေသောကြောင့် ယခုနှစ် ဆောင်းဦးတွင်အအေးပေါ့နေခြင်းဖြစ်ကြောင်း Myanmar Climate Change Watch မှ ဒေါက်တာဦးထွန်းလွင်က ပြောကြားခဲ့ သည်။

''ပစိဖိတ်သမုဒ္ဒရာထဲမှာတော့ မုန်တိုင်း ၂၈ ကြိမ်ဖြစ်ပြီးပြီဆိုတော့ မုန်တိုင်း ရာသီကုန်ဖို့ သိပ်မလိုတော့ ဘူးလို့ ပြောလို့ရတယ်။ ဖြစ်တဲ့မုန်တိုင်းတွေကလည်း မြန်မာကို မ၀င်ပေမယ့် အပေါ်လေထုရေငွေ့ ပါဝင်မှုက များနေသေးတဲ့အတွက် heat index က မြင့်နေတဲ့အတွက် ဆောင်းဦးဟာ အအေးပေါ့နေတာ ဖြစ်ပါတယ်''ဟု ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ်အတွင်း မုန်တိုင်းနှစ်ကြိမ်သာ ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ်မုန်တိုင်းဖြစ် ပွားရန် နှစ်ကြိမ်ခန့် ကျန်ရှိနေပြီး ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကာ မုန်တိုင်းဖြစ်ပွားရန် ၁၅ ရာခိုင်နှုန်းခန့် ရှိသဖြင့် မုန်တိုင်းအား သတိပြုရန် လိုအပ်ကြောင်းလည်း သိရသည်။

၁၉၇၈ နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံ၌ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပွားမှု နည်းပါး လာကာ မိုးတွင်းကာလအတွင်း မုတ်သုံမုန်တိုင်းတစ်လုံးမှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ မိုးကြို၊ မိုးလွန်ကာလများ တွင်သာ မုန်တိုင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

EMG

0 comments:

Post a Comment